ခ်စ္ပရိသတ္ႀကီးေရ 7th sense creation ကေန ႐ိုက္ကူးတင္ဆက္ေနတဲ့ Double Dating Program ေလးက ပရိသတ္ေတြၾကားမွာ အေတာ္ေလးေရးပန္းစားေနပါတယ္ ။ အစီစဥ္တင္ဆက္သူအျဖစ္ ေတးသံရွင္သိန္းလင္းစိုးက တင္ဆက္ေပးထားတာျဖစ္ၿပီး ယြန္းယြန္း ၊ သဇင္ထူးျမင့္ ၊ ေအာင္မင္းခန္႔ နဲ႔ စည္သူဝင္းတို႔က ပါဝင္ထားၾကတာပဲျဖစ္ပါတယ္ ။

ဒီအစီစဥ္ေလးမွာ ေအာင္မင္းခန္႔နဲ႔ယြန္းယြန္းက တစ္တြဲ ၊ သဇင္ထူးျမင့္နဲ႔ စည္သူဝင္းတို႔က တစ္တြဲ ပါဝင္ထားၿပီး သူတို႔အတြဲေလးေတြကို ပရိသတ္ေတြက အရမ္းကို သေဘာတူေနၾကတာပါ ။ သ႐ုပ္ေဆာင္ေအာင္မင္းခန္႔ကေတာ့ nick name အေနနဲ႔ ယြန္းယြန္းကို ပုဂံသူေလးလို႔ ကဗ်ာဆန္ဆန္ေခၚဆိုခဲ့ၿပီး ပရိသတ္ေတြၾကားမွာ အေတာ္ေလး နာမည္ႀကီးခဲ့တာပါ ။ လတ္တေလာမွာေတာ့ ေအာင္မင္းခန္႔က Double dating အဖြဲ႕သားေတြကိုအားေပးၾကမ္းလို႔ အရမ္းဝမ္းသာတယ္ဗ်ာ ကြၽန္ေတာ္လည္း ပုဂံသူေလးကိုေလာင္းရိပ္ေအာက္မွာပဲထားတယ္ စိတ္ခ် ဆိုတဲ့စာသားေလးနဲ႔အတူ သူတို႔ရဲ႕ ၾကည္ႏူးဖြယ္ စုံတြဲ ပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ မွ်ေဝေပးလာခဲ့ပါတယ္ ။

Double Dating Program ကို အားေပးၾကတဲ့ ပရိသတ္ေတြနဲ႔ သူတို႔ရဲ႕ ဖန္ေတြကေတာ့ ေအာင္မင္းခန္႔နဲ႔ ယြန္းယြန္းတို႔အတြဲေလးကို တကယ္သေဘာတူေနၾကေၾကာင္းနဲ႔ အရမ္းကို လိုက္ဖက္ေၾကာင္း မွတ္ခ်က္ေလးေတြ ေရးသားခဲ့ၾကပါတယ္ ။ ပရိသတ္ႀကီးအတြက္လည္း ကို နဲ႔ ပုဂံသူေလးတို႔ရဲ႕ ၾကည္ႏူးဖြယ္ စုံတြဲပုံရိပ္ေလးေတြကို ထပ္ဆင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္… ။

Source : Aung Min Khant
Credit- (Cele Gabar)

ချစ်ပရိသတ်ကြီးရေ 7th sense creation ကနေ ရိုက်ကူးတင်ဆက်နေတဲ့ Double Dating Program လေးက ပရိသတ်တွေကြားမှာ အတော်လေးရေးပန်းစားနေပါတယ် ။ အစီစဉ်တင်ဆက်သူအဖြစ် တေးသံရှင်သိန်းလင်းစိုးက တင်ဆက်ပေးထားတာဖြစ်ပြီး ယွန်းယွန်း ၊ သဇင်ထူးမြင့် ၊ အောင်မင်းခန့် နဲ့ စည်သူဝင်းတို့က ပါဝင်ထားကြတာပဲဖြစ်ပါတယ် ။

ဒီအစီစဉ်လေးမှာ အောင်မင်းခန့်နဲ့ယွန်းယွန်းက တစ်တွဲ ၊ သဇင်ထူးမြင့်နဲ့ စည်သူဝင်းတို့က တစ်တွဲ ပါဝင်ထားပြီး သူတို့အတွဲလေးတွေကို ပရိသတ်တွေက အရမ်းကို သဘောတူနေကြတာပါ ။ သရုပ်ဆောင်အောင်မင်းခန့်ကတော့ nick name အနေနဲ့ ယွန်းယွန်းကို ပုဂံသူလေးလို့ ကဗျာဆန်ဆန်ခေါ်ဆိုခဲ့ပြီး ပရိသတ်တွေကြားမှာ အတော်လေး နာမည်ကြီးခဲ့တာပါ ။ လတ်တလောမှာတော့ အောင်မင်းခန့်က Double dating အဖွဲ့သားတွေကိုအားပေးကြမ်းလို့ အရမ်းဝမ်းသာတယ်ဗျာ ကျွန်တော်လည်း ပုဂံသူလေးကိုလောင်းရိပ်အောက်မှာပဲထားတယ် စိတ်ချ ဆိုတဲ့စာသားလေးနဲ့အတူ သူတို့ရဲ့ ကြည်နူးဖွယ် စုံတွဲ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလာခဲ့ပါတယ် ။

Double Dating Program ကို အားပေးကြတဲ့ ပရိသတ်တွေနဲ့ သူတို့ရဲ့ ဖန်တွေကတော့ အောင်မင်းခန့်နဲ့ ယွန်းယွန်းတို့အတွဲလေးကို တကယ်သဘောတူနေကြကြောင်းနဲ့ အရမ်းကို လိုက်ဖက်ကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက်လည်း ကို နဲ့ ပုဂံသူလေးတို့ရဲ့ ကြည်နူးဖွယ် စုံတွဲပုံရိပ်လေးတွေကို ထပ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်… ။

Source : Aung Min Khant
Credit- (Cele Gabar)