ချစ်ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ကြော်ငြာဘုရင်မလို့တောင်ခေါ် ခဲ့ရတဲ့ ကြော်ငြာတစ်ပေါက် လျှမ်းလျှမ်းတောက် အကယ်ဒမီ မင်းသမီးထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်သလို ကြော်ငြာတွေလည်း လက်ခံ ရိုက်ကူးနေပြီလို့သိရပါတယ် ။ဒီတစ်ခါမှာလည်း သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် ကြော်ငြာလေး တစ်ခုရိုက်ကူးခဲ့ပြန်ပါပြီ ပရိသတ်ကြီးရေ ..။

ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်တဲ့ ချယ်ရီဦး နာရီကြော်ငြာလေးကို ထက်ထက်က ရိုက်ကူးနေတာဖြစ်ပြီး ထူးထူးခြားခြား အနေနဲ့ မကြာသေးမီကမှ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ တေးသံရှင် ဟန်နေတာနဲ့ တွဲဖက်ရိုက်ကူးနေတာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ထူးထူးခြားခြား နှစ်ယောက်တွဲ ကြော်ငြာလေးကို အရမ်း ကြည့်ချင်နေကြပြီလို့ ထင်ပါတယ်နော် ။

ဒီ ချယ်ရီဦးနာရီ ကြော်ငြာရိုက်ကွင်းလေးကို ကိုဆန်းဝင်းဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ဒီကြော်ငြာလေးကို အမြန်ဆုံးကြည့်ချင်နေကြပြီဆိုတဲ့ မှတ်ချက်လေးတွေပေးခဲ့ကြပါတယ် ။

Source : San Win Oo
Credit ; (Yaung Chi)