Source: PhomeShein Khant’s Facebook
ပရိသတ်ကြီးရေ ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် မင်းသားချောတွေထဲက တစ်ယောက်အပါအဝင်ဖြစ်သူ မင်းသားဘုန်းရှိန်ခန့်ကို တော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ မင်းသားဘုန်းရှိန်ခန်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသားတစ်လက်ပဲဖြစ်ပါတယ်နော်.။
ပျော်ရွှင်တက်ကြွပြီး အေးဆေးစွာပဲ နေတတ်သူ ဘုန်းရှိန်ခန့်ကတော့ ဇာတ်ရုပ်ကာရိုက်တာအပေါ်မှာတော့ အေးဆို အေး ပူဆို ပူနိုင်အောင် ပီပြင်သူ တစ်ယောက်ဖြစ်ပြီး ” နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲမှာတော့ ကိုကိုကြီး ကာရိုက်တာနဲ့ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့သူပါနော်.။
ဇာတ်လမ်းတွဲ ပြသချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အမြင့်ဆုံးရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေး တစ်တွဲဖြစ်ခဲ့ပြီး ပါဝင်သရုပ်ဆောင်သူ မင်းသားမင်းသမီး အကုန်ပါ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ စိတ်ဝင်စားမှုတွေကို ရရှိခဲ့တယ်လို့ဆိုရမှာပါ.။ ဒီဇင်ဘာလ (၁၃)ရက်နေ့မှာတော့ ဘုန်းရှိန်ခန့်က ” နွေလယ်ညရဲ့ လမင်း”အလွမ်းပြေအနေနဲ့ ဇာတ်လမ်းထဲက စိုးနဲ့ မောင်ရဲ့ tik tok လေးကို “စိုး နဲ့ မောင် က အပြင်မှာတော့ အဲ့လိုပါပဲ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ဇာတ်လမ်းတွဲပြီးနောက် အတူတွဲ သိပ်မတွေ့ရတော့တဲ့ မင်းသမီး ခြူးလေးနဲ့ ဘုန်းရှိန်ခန့်တို့ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိ်ုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Violet(Cele Active World)