Source: G Fatt’s fb
မင်္ဂလာပါ ပရီတ်ကြီးရေ လူငယ် အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ လက်ရှိမှာ ပြည်သူထဲက ပြည်သူ တစ်ယောက်အနေနဲ့ မြန်မာ့ဒီမိုကရေစီ လွတ်လပ်မှုအတွက် ဆန္ဒပြတောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။ G Fatt က မြန်မာပြည်တွင်းမှာဖြစ်ပျက်နေတဲ့ ပြည်သူ့အစိုးရကို ဖမ်းစီးထားတဲ့ စစ်အာဏာရှင်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်းလိုလို လမ်းမပေါ်ထွက် ဆန္ဒပြနေတဲ့ G Fatt ကတော့ နိုင်ငံအတွက် အုတ်တစ်ချက် သဲတစ်ပွင့်စာ ပါဝင်အားဖြည့်ရင်း တူလေးရဲ့ အနာဂတ်ကို စိတ်ပူလို့ ငိုမိတယ်ဆို တဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။
“ချေကွေဗားရား လက်သစ်တွေ တိုက်စစ်ဖွင့်ကြတော့ ငါတို့မျိုးဆက်လဲ ထပ်ချပ်မခွာ တံတိုင်းဆောက်ရတော့တာပါပဲ ယောက်ဖရေ .. မင်းတို့ငါတို့ ဖတ်ဖူးတဲ့သမိုင်းတွေကို မင်းတို့ငါတို့လက်တွေ့ဖြတ်သန်းကြရတဲ့အခါ အုပ်လေးတစ််ချပ် သဲလေးတစ်ပွင့်ဆိုတာထက်တော့ ပိုသင့်တယ်မလား?နေနိုင်သူတွေကိုတော့ ထားလိုက်ပါတော့ကွာ ။ မနေနိုင်သူတွေနဲ့ ရှေ့ဆက်ကြတာပေါ့ ။ အမေက ငိုတယ်ကွ ငါ့ကို စိတ်ပူလို့တဲ့။ ငါလဲ ငိုတယ်ကွ ငါ့တူလေးအနာဂါတ်ကိုစိတ်ပူလို့ ။” ဆိုပြီး ပြောလာ ပါတယ်။
G Fatt ကတော့ လူငယ်တစ်ယောက်ပီပီ ပြည်သူ့ဆန္ဒအတိုင်း ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ပြန်လည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက္ပါတယ်နော်….။
Source: G Fatt’s fb
Credit – Cele Connections