


Source: Nay Chi Oo’s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာ တရားတွေကို အပြည့်အဝရရှိထားတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ သူမရဲ့ကြိုး စားမှုကြောင့် ပရိသတ်ပေးတဲ့ နေရာတစ်ခု အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီး တစ်ဦးနေ ရာကနေ ပါဝင်နေရပြီဖြစ်တဲ့ နေခြည်ဦးကတော့ တစ်နေ့တစ်ခြား အလှတွေတိုးလာပြီး ပိုပိုလှလာတာလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာ လှုပ်ရှား မှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ကြော်ငြာအချို့ကိုသာ ရိုက်ကူးနေ တာပဲ ဖြစ်ပါတယ်..။

ဒီကနေ့မှာလည်း သရုပ်ဆောင်မင်းသမီး နေခြည်ဦးက သူမရဲ့ကြော်ငြာလေးတစ်ခုကို နိုင်ငံကျော်မင်းသားချော အကယ်ဒမီ မြင့်မြတ်နဲ့ အတူတူ ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက တစ်နိုင်ငံ လုံးကချစ်ကြတဲ့ မင်းသား မြင့်မြတ်နဲ့ ပထမဦးဆုံးရိုက်ကူးရတဲ့ ကြော်ငြာရိုက်ကွင်းလေးမှာ မြင့်မြတ်နဲ့ ပထမဦးဆုံးအကြိမ် ဆုံတွေ့မှုကို ဝမ်းသာစွာနဲ့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး မှတ်တမ်းတင် လာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်..။

မင်းသမီးချောလေး နေခြည်ဦးကတော့ နေတိုး၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ တိုင်ရွန်၊ နေမင်း စတဲ့ မင်းသားတွေနဲ့ ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းတွဲရိုက်ကူးမှု တွေရှိခဲ့ပေမယ့် မြင့်မြတ်နဲ့တော့ ဒါဟာ ပထမဦးဆုံးအကြိမ် ဆုံတွေ့မှုပါပဲ။ ပရိသတ်ကြီးလည်း နေခြည်ဦးနဲ့ မြင့်မြတ်တို့ရဲ့ ကြော်ငြာလေးကို ရင်ခုန်စွာနဲ့ စောင့် မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်..။

Credit – Cele Connections