Source ; Chuu Sitt Han
ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ခြူးစစ်ဟန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရရှိထားပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်းရရှိထားတဲ့ ပနုပညာရှင်တစ်ယောက်ပါဖြစ်ပါတယ်…။
မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်းခြူးစစ်ဟန်က လောလောလတ်လတ်ဆိုသလိုမြန်မာအိုင်ဒေါ Season (4)မှာ ပါဝင်ယှဉ်ပြိုင်ခဲဲ့ပြီး Top Finalist အထိတက်ရောက်နိုင်ခဲ့ပါသေးတယ်နော်…။ခြူးစစ်က ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့တာကြောင့်ပြိုင်ပွဲအတွေ့အကြုံတွေများစွာရှိနေခဲ့ပြီး ဒီနေ့မှာတော့ “ပြိုင်ပွဲတေအကုန်လုံးဘယ်ပြိုင်ပွဲမှ ကိုအထင်မကြီးတော့တာအားလုံးကလုပ်ပွဲတွေကြီးပဲ။ vote နဲ့လဲမဆိုင်ဘူး အားလုံးကသူတို့လက်ထဲမှာပဲ သူတို့ပေးချင်တဲ့သူလျှောက်ပေးနေတာ…။
ဒိုင်တေကလဲ ရုပ်ပြပဲကျောက်ရုပ်လိုပဲ သူတို့လဲ ဘာမှမတက်နိုင်ကြဘူး…။ စီးပွား ရေးက စီးပွားရေးပါပဲ…။ တကယ်အရည်ချင်းရှိတဲ့ သူတွေရေဘာပြိုင်ပွဲမှမပြိုင်ကြပါနဲ့ စိတ်ကောလူကောပင်ပန်းပီး အဖြည့်ခံဘဝတွေနဲ့အားဖြည့်အချိုရည်တွေဖြစ်နေပါ့မယ်…။ ပတ္တမြားမှန်ရင် ဘယ်တော့မှနွံ မနစ်ပါဘူးရှင်…။
အကောင်းဆုံးကြိုးစားကြပါလို့ပဲ အားပေးချင်ပါတယ်…။ ( အဲ့လိုပြောရင် လာဆဲကြအုန်းမယ် ကျွန်မကလဲပြောမိပြန်ပြီ မနေနိုင်ဘဲ အမှန်တရားကနဲနဲတော့ခါးတယ်။ အမှန်ပြောတော့လူမုန်းများကြတယ် )” လို့ဆိုကာ ပြိုင်ပွဲတွေနဲ့ပတ်သက်လို့ ခြူးစစ်ဟန်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးတဲ့ ချစ်ပရိတ်သတ်ကြီးကို
အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။သာယာပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ…။
Credit ; Celebrity PlatForms