ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ အမိုက္စား Hip Hop သီခ်င္းေတြကို သီဆိုတတ္တဲ့ Rapper ၾကီးေနဝင္းကေတာ့ လူငယ္ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားသူပါ။ လူငယ္တစ္ေယာက္ပီပီ ဂီတဖန္တီးမႈအားေကာင္းသလို စီးပြားေရးမွာလည္း အကြက္ျမင္တတ္တဲ့ ေနဝင္းက သူ့ရဲ့ ကုိယ္ပိုင္အမွတ္တံဆိပ္နဲ့ အဝတ္အစားဆိုင္ေတြကိုလည္း ဖြင့္လွစ္ထားျပီး ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းတစ္ခုကိုလည္း ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ လက္ရိွမွာေတာ့ အဆိုေတာ္ ေနဝင္းက သူ့ရဲ့ အနုပညာအလုပ္၊ စီးပြားေရးအလုပ္ေတြထက္ သူ့ရဲ့ ၾကင္စဦးအိမ္ေထာင္သည္ဘဝေလးကို ကုန္ဆံုးျဖတ္ သန္း ေန တာပဲ ျဖစ္ပါတယ္..။

ပရိသတ္ေတြအတြက္ ေပ်ာ္ရႊင္စရာ ၾကည္နူးစရာေတြကိုပဲ မွ်ေဝေပးတတ္တဲ့ Hip Hop အဆိုေတာ္ ေနဝင္းက ဒီကေန့မွာလည္း သူ့ရဲ့ ဝမ္းသာစရာသတင္း ေကာင္းတစ္ခုကို ေျပာျပလာပါတယ္။ ေနဝင္းက (၂၀၂၁) ခုနွစ္ရဲ့ နွစ္စမွာတင္ ထီဆုတစ္ဆုကို ဆြတ္ခူးနိုင္ခဲ့ေၾကာင္း “ 2021, 1 လပိုင္း 1 ရက္ေန့မွာ တစ္သိမ္းေပါက္ျပီေဟး ” ဟုဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာ My Day မွာတင္ျပီး ပရိသတ္ေတြပါ အေပ်ာ္ေတြကူးစက္သြားေအာင္ မွ်ေဝေပးလာပါတယ္..။

Rapper အဆိုေတာ္ ေနဝင္းကေတာ့ နွစ္တစ္နွစ္ရဲ့ အစကို ကံေကာင္းျခင္းေတြနဲ့ စတင္ခဲ့ျပီပဲ ျဖစ္ပါတယ္ ။ ေနဝင္းတစ္ေယာက္ နွစ္စကေနျပီး (၂၀၂၁) နွစ္ဆံုးသည့္တိုင္ အခုလိုပဲ ကံေကာင္းျခင္းေတြ ရရိွပိုင္ဆိုင္နိုင္ပါေစလို့ ဆႏၵျပဳလုိက္ပါတယ္ေနာ္ ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္ ႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source: Nay Win’s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ အမိုက်စား Hip Hop သီချင်းတွေကို သီဆိုတတ်တဲ့ Rapper ကြီးနေဝင်းကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပါ။ လူငယ်တစ်ယောက်ပီပီ ဂီတဖန်တီးမှုအားကောင်းသလို စီးပွားရေးမှာလည်း အကွက်မြင်တတ်တဲ့ နေဝင်းက သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အဝတ်အစားဆိုင်တွေကိုလည်း ဖွင့်လှစ်ထားပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လက်ရှိမှာတော့ အဆိုတော် နေဝင်းက သူ့ရဲ့ အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေထက် သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝလေးကို ကုန်ဆုံးဖြတ် သန်း နေ တာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေအတွက် ပျော်ရွှင်စရာ ကြည်နူးစရာတွေကိုပဲ မျှဝေပေးတတ်တဲ့ Hip Hop အဆိုတော် နေဝင်းက ဒီကနေ့မှာလည်း သူ့ရဲ့ ဝမ်းသာစရာသတင်း ကောင်းတစ်ခုကို ပြောပြလာပါတယ်။ နေဝင်းက (၂၀၂၁) ခုနှစ်ရဲ့ နှစ်စမှာတင် ထီဆုတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း “ 2021, 1 လပိုင်း 1 ရက်နေ့မှာ တစ်သိမ်းပေါက်ပြီဟေး ” ဟုဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ My Day မှာတင်ပြီး ပရိသတ်တွေပါ အပျော်တွေကူးစက်သွားအောင် မျှဝေပေးလာပါတယ်..။

Rapper အဆိုတော် နေဝင်းကတော့ နှစ်တစ်နှစ်ရဲ့ အစကို ကံကောင်းခြင်းတွေနဲ့ စတင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ နေဝင်းတစ်ယောက် နှစ်စကနေပြီး (၂၀၂၁) နှစ်ဆုံးသည့်တိုင် အခုလိုပဲ ကံကောင်းခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော် ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော် ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections