


unicode

သရုပ်ဆောင် အကယ်ဒမီမင်းသမီး ချောရတနာရဲ့ ညီမဖြစ်သူ သန္တာဗိုလ်က သူမရဲ့ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ အမိုက်စား ရုပ်ရည်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေလည်း အားပေးခြင်းခံရသူတစ်ယောက် ဖြစ်ပါတယ်။သရုပ်ဆောင် သန္တာဗိုလ်က မော်ဒယ်လောကမှာ ထိပ်ဆုံးက ရပ်တည်နေသူတစ်ဦးဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေ အားပေးခြင်းကို ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သန္တာဗိုလ်က သူမနဲ့ သရုပ်ဆောင် ကောင်းပြည့်ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေ စိတ်ဝင်စားကြတာပဲ ဖြစ်ပါတယ်..။

လက်ရှိအချိန်မှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေသေးတော့ ဓာတ်ပုံလေးတွေ Tik Tok ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးနေတဲ့ သန္တာဗိုလ်က ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြား ဗီဒီယိုလေးကို တင်ဆက်ပေးလာပါတယ်။ သန္တာဗိုလ်က သူချစ်ရတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့အတူတူ တွဲဖက်ပြီး “ ရန်သူ ” ရုပ်ရှင်ဇာတ်ကားကြီးထဲက အကယ်ဒမီရှော့ဇာတ်ဝင်ခန်းလေး သရုပ်ဆောင်ခဲ့ပုံကို အခုလိုပဲ ပြသလာပါတယ်..။

သရုပ်ဆောင် သန္တာဗိုလ်ကတော့ တကယ့် အကယ်ဒမီရှော့ဇာတ်ဝင်ခန်းကို စက္ကန့်ပိုင်းလောက်လေးသရုပ်ဆောင်ပြသွားတာ အရမ်းကို မိုက်တာပဲနော်။ ပရိသတ်ကြီးလည်း သန္တာဗိုလ်ရဲ့ သရုပ်ဆောက်ချက်ကိုကြည့်ပြီး အံသြမှင်သက်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..။

Source: Thandar Bo’s fb
Bilie – Cele Connections