


Source : Phyo Myat Aung
credit – Myanmarload

ချစ်ပရိတ်သတ်ကြီးရေ…..အဆိုတော်ဖြိုးမြတ်အောင်ဟာဆိုရင် အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး အသံပါဝါကောင်းကောင်းနဲ ့သီချင်းလေးတွေကို သီဆိုတက်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်…။ အနုပညာလောကမှာ နေရာတစ်နေရာကိုရယူထားနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ အနုပညာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပြီး ​ သီချင်းအသစ်လေးတွေ ကိုလည်း ပရိသတ်တွေရှေ့ချပြထားသူတစ်ယောက်ပဲဖြစ်ပါတယ်…။

အနုပညာအလုပ်တွေကို လုပ်ကိုင်လျက် ရှိနေတဲ့ ဖြိုးမြတ်အောင်ကတော့ သီချင် းအသစ်လေးတွေထွက်ရှိဖို့ကြိုးစားလျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်…။ ဖြိုးမြတ်အောင်ရဲ့ မိခင်ကတော့ သားသမီး၊မြေးတွေနဲ့အတူ မွေးနေ့လေးကို ကြည်ကြည်နူးနူးကျင်းပရင်း မွေးနေ့ကိတ်ထဲမှာပါတဲ့ ပိုက်ဆံအလိပ်ကြီးကြောင့် အံ့သြပျော်ရွှင်နေတာပဲဖြစ်ပါတယ်…။ ဖြိုးမြတ်အောင်ကတော့ စိတ်ချမ်းသာပြီးပျော်ရွှင်နေတဲ့ ချစ်မေမေ ကိုကြည့်ပြီး ဝမ်းသာပီတိဖြာနေခဲ့ပါတယ်..။

အဆိုတော် ဖြိုးမြတ်အောင် ကတော့ ” Happy Birthday ပါအမေ Amay Thanအသက်ရာ ကျော် ရှည်ပါစေသားသမီးတွေအပေါ်မှာ ငယ်ငယ်ကတည်းက ဘာဖိအားမှမပေးခဲ့ တဲ့ အတွက် သား အခုလိုဖြစ်လာရတာပါအမေစိတ်ချမ်းသာပါစေ စာတွေအများ ကြီး ဖွဲ့ နွဲ့ ပြီး မရေးတတ်ပါဘူးအမေ့ကိုအရမ်းချစ်ပါတယ် မိသားစုတွေ စိတ်ချမ်းသာရင် ကျွန်တော်ပျော်ပါတယ် ကျန်းမာ ချမ်းသာ လိုရာ ပြည့်ပါစေမမ Ma Theingi နဲ့ ညီလေး Ba Chit လိုရာပြည့်စေ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်..။ချစ်ပရိသတ်တွေအတွက်မွေးနေ့လေးကိုပျော်ရွှင်စွာကျင်းပနေတဲ့ ဖြိုးမြတ်အောင်တို့မိသားစုရဲ့ဗီဒီယိုလေးကိုပြန်လည်မျှဝေလိုက်ပါတယ်နော် ချစ်ပရိသတ်ကြီးအားလုံးလဲ သာယာပျော်ရွှင်သော နေ့လေးတစ်နေ့ကိုယ်ပိုင်ဆိုင်နိုင်ပာစေလို့ ဆုမွန်ကောင်းတောင်ပေးလိုက်ပါတယ်…..။

 

Source : Phyo Myat Aung
credit – Myanmarload