အကယ္ဒမီေဖြးေဖြးကေတာ့ နိုင္ငံေက်ာ္ ထိပ္တန္းမင္းသမီးတစ္ေယာက္ျဖစ္တဲ့အေလ်ာက္ တစ္နွစ္ျပီးတစ္နွစ္ မတူညီတဲ့ ရုပ္ရွင္ဇာတ္ကားေကာင္းေတြကို ရိုက္ကူးေနရသူတစ္ေယာက္ ျဖစ္ပါတယ္။ ေဖြးေဖြးက အခုနွစ္ (၂၀၂၀)မွာလည္း နာမည္ၾကီး ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးဖို့ရိွေပမယ့္ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ သူမရဲ့ အနုပညာလႈပ္ရွားမႈေတြအားလံုးကို ရပ္နားထားရတာ ျဖစ္ပါတယ္ ။ အကယ္ဒမီဆုၾကီး သံုးဆုကိုလည္း ထုိက္ထိုက္တန္တန္ဆြတ္ခူးရရိွထားျပီျဖစ္တဲ့ ေဖြးေဖြးက ဒီကေန့မွာလည္း ေတာင္ကိုရီးယားနုိင္ငံကခ်ီးျမွင့္တဲ့ Asia Special Award 2020 ဆုကို ပိုင္ဆိုင္နိုင္ခဲ့ျပီျဖစ္ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္..။

အကယ္ဒမီေဖြးေဖြးက “Thank You untact 2020 Asia Model Awards in Seoul ! Thank You For choosing me !💪✨😍🤍 Covid 19 ကာလ ျဖစ္လို႔ Seoul ကို မသြားရ​ေတာ့ပဲ Asia Special Award ဆုကေတာ့ Korea ကလွမ္းပို႔လိုက္လို႔ ေဖြးလက္ထဲေရာက္ေနပါၿပီရွင့္။ ေနာက္ေန႔မွ ေက်းဇူးတင္စကားကို စာရွည္ရွည္ေရးၿပီး အမွတ္တရပုံ႐ိုက္ၿပီးတင္ေတာ့မယ္ရွင့္။ Heeeee so happyyyy ❄️❄️❄️❄️❄️☃️💃🏻😍🥰😍🥰😀​ေဖြးကို ဒီ Career တ​ေလွ်ာက္လုံးခ်စ္​ေပး အား​ေပးခဲ့ၾကတဲ့ ဆရာ,မိဘ,​ေဖြးကို ခ်စ္​ေပးသူ Darlings, Oopsies တဦးတ​ေယာက္ခ်င္းစီ တိုင္း အတြက္ ယူတဲ့ ဆု​ေလးပါရွင္… I hope you are proud of me … It’s all love… ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ေက်းဇူးတင္ဝမ္းသာစကား ေျပာထားပါတယ္။

အကယ္ဒမီေဖြးေဖြးရဲ႕ ညီမတစ္ဝမ္းကြဲျဖစ္သူ အကယ္ဒမီ ဝတ္မႈံေရႊရည္ကလည္း ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္က Asia Special Award 2019 ကို ရရိွခဲ့ျပီး ေဖြးေဖြးကေတာ့ (၂၀၂၀) ခုနွစ္မွာ ထပ္မံဆြတ္ခူးရရိွခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဖြးစိန္ေလးအတြက္ ဝမ္းသာဂုဏ္ယူစကားေတြ ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္..။

unicode

အကယ်ဒမီဖွေးဖွေးကတော့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့အလျောက် တစ်နှစ်ပြီးတစ်နှစ် မတူညီတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးနေရသူတစ်ယောက် ဖြစ်ပါတယ်။ ဖွေးဖွေးက အခုနှစ် (၂၀၂၀)မှာလည်း နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပေမယ့် ကပ်ရောဂါအခြေအနေတွေကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရပ်နားထားရတာ ဖြစ်ပါတယ် ။ အကယ်ဒမီဆုကြီး သုံးဆုကိုလည်း ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားပြီဖြစ်တဲ့ ဖွေးဖွေးက ဒီကနေ့မှာလည်း တောင်ကိုရီးယားနိုင်ငံကချီးမြှင့်တဲ့ Asia Special Award 2020 ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ကြောင်း အခုလိုပဲ ပြောလာပါတယ်..။

အကယ်ဒမီဖွေးဖွေးက “Thank You untact 2020 Asia Model Awards in Seoul ! Thank You For choosing me !💪✨😍🤍 Covid 19 ကာလ ဖြစ်လို့ Seoul ကို မသွားရ​တော့ပဲ Asia Special Award ဆုကတော့ Korea ကလှမ်းပို့လိုက်လို့ ဖွေးလက်ထဲရောက်နေပါပြီရှင့်။ နောက်နေ့မှ ကျေးဇူးတင်စကားကို စာရှည်ရှည်ရေးပြီး အမှတ်တရပုံရိုက်ပြီးတင်တော့မယ်ရှင့်။ Heeeee so happyyyy ❄️❄️❄️❄️❄️☃️💃🏻😍🥰😍🥰😀​ဖွေးကို ဒီ Career တ​လျှောက်လုံးချစ်​ပေး အား​ပေးခဲ့ကြတဲ့ ဆရာ,မိဘ,​ဖွေးကို ချစ်​ပေးသူ Darlings, Oopsies တဦးတ​ယောက်ချင်းစီ တိုင်း အတွက် ယူတဲ့ ဆု​လေးပါရှင်… I hope you are proud of me … It’s all love… ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ကျေးဇူးတင်ဝမ်းသာစကား ပြောထားပါတယ်။

အကယ်ဒမီဖွေးဖွေးရဲ့ ညီမတစ်ဝမ်းကွဲဖြစ်သူ အကယ်ဒမီ ဝတ်မှုံရွှေရည်ကလည်း ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က Asia Special Award 2019 ကို ရရှိခဲ့ပြီး ဖွေးဖွေးကတော့ (၂၀၂၀) ခုနှစ်မှာ ထပ်မံဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးစိန်လေးအတွက် ဝမ်းသာဂုဏ်ယူစကားတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..။

Source: Phway Phway’s fb
Bilie – Cele Connections