
ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ မကြီးစန်းက သူ့ချစ်သူကို စနိုက်ကျော်သွားတာ ခံလိုက်ရတဲ့ အကြောင်း ပြောပြလာခဲ့တြာ ဖစ်ပါတယ်








unicode

မင်္ဂလာပါ Cele Secret ပရိသတ်ကြီးရေ.. မကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်းကိုတော့ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးကြမှာပါနော်..။မိတ်ကပ်ပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အောင်မြင် လာသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်နော်..။

ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ မကြီးစန်းက သူ့ချစ်သူကို စနိုက်ကျော်သွားတာ ခံလိုက်ရတဲ့ အကြောင်း ပြောပြလာခဲ့တာြ ဖစ်ပါတယ်

မကြီးစန်းက စနိုက်ကြော်ခံရဖူးတယ် မကြီးဆီကစနိုက်ကြော်တဲ့လူကို စိတ်မဆိုးဘူး ပါသွားတဲ့လူကိုပဲ စိတ်ဆိုးတယ် ဘာဖြစ်လို့လည်းဆိုတော့ ဒီတစ်ဦးတစ်ယောက်က ကိုယ့်ကိုချစ်တယ် မေတ္တာရှိတယ်ဆိုရင် မကြီးတို့ကတော့ ချစ်ခြင်းမေတ္တာထက်ကို သံယောဇဉ်ပိုတယ် သူတို့အပေါ်မှာ ကူညီပေးတယ် စောင့်ရှောက်ပေးတာတွေကိုထောက်ပြီးတော့ ယောကျာ်းလေးနဲ့ မိန်းကလေးဆိုတာ သဘာဝပဲ ချစ်နိုင်တယ် ကြိုက်နိုင်တယ် ဒါမကြီး လက်ခံတယ်

သို့ပေမယ့် ချစ်နိုင်ကြိုက်နိုင်တဲ့ အတိုင်းအတာ တစ်ခုမှာ မကြီးစန်း တို့အနေနဲ့ Supporting လုပ်ပေးရတယ် ကူညီပေးရတယ် စောင့်ရှောက်ပေးရတယ် ဆိုတဲ့အခါကြတော့ မကြီးတို့ စေတနာ အပေါ်မှာ တန်ဖိုးထားပြီးတော့ လုပ်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့ရင်တောင်မှ ဪ ဒါ မကြီးစန်းက ငါ့အပေါ်မှာ ချစ်တဲ့စိတ်နဲ့ လုပ်ပေးခဲ့ပါလား ငါ့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးခဲ့ပါလား မကြီးစန်းကြောင့် ငါလှေကားထစ်တွေလို ဆက်တိုက်မြင့်တက်လာတယ် အဲ့လို ကိုယ့်ရဲ့တိုးတက်မှုအတိုင်းအတာကို ကိုယ်ပြန်ကြည့်ပြီးတော့ ငါမလုပ်ပါဘူးလေ ဆိုပြီးတော့ ဆင်ခြင်စေချင်တာ

ဒါပေမယ့်လည်း အတွေ့အထိတွေကသိတဲ့အတိုင်းပဲ အခုအချိန်မှာက ယောကျာ်းလေးဘက်က ပုံမှန်ဆိုပေမယ့် မိန်းကလေးဘက်က အတင်းလိုက်တာတွေများတယ် အဲ့တော့ ဒီလိုဖောက်ပြန်မှုကြီးကို မကြီးစန်းတို့ မတားနိုင်ဘူး

အနေနီးတယ် ပြီးတော့ တဖက်က ဖိတ်စာတွေဝေတာပေါ့နော် Invite တွေလုပ်တာများတဲ့အခါကြတော့လည်း သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ယောကျာ်းလေးတွေဆိုတော့ သဘာဝတရားလည်းရှိတဲ့အခါကြတော့ ပါကုန်တာပေါ့ အဲ့လိုဆိုတော့ တော်တော်ပြောရခက်တယ်

မကြီးစန်းက နေရာတစ်ခုမှာ ဒီဘဝရောက်အောင် ရောက်အောင် မနည်းကြိုးစားလာခဲ့ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်တော့ ဒုက္ခရောက်အောင် မလုပ်ပါဘူး စိတ်ခံစားချက်နောက်ကို မလိုက်ဘူး အခုတော့ ၁၅၀၀ အချစ်ထက် ကိုယ့်တပည့်သားမြေးတွေအပေါ် ချစ်တဲ့ ၅၂၈ အချစ်နဲ့ပဲ ချစ်တော့မယ်လို့ တွေးထားပါတယ် ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

မကြီးစန်းကတော့ ချစ်သူကို စနိုက်ကျော်သွားတာ ခံလိုက်ရတဲ့ အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ Cele Secret ပရိတ်သတ်ကြီးရေ ကျေးဇူးတင်ပါတယ်နော်

Credit ; (Shwe Yaung Myanmar)