ပရိသတ္ေတြက ခ်စ္ခင္အားေပးျကတဲ့ စိမ္းလဲ့ရတနာ က သ႐ုပ္ေဆာင္လည္းျဖစ္ Beauty Blogger လည္းျဖစ္တဲ့ ေနျခည္ဦး ရဲ့ အခ်စ္ဆုံး ညီမေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ စိမ္းလဲ့ရတနာကေတာ့ အခုဆိုရင္ ေက်ာင္းသူ အရြယ္ မိန္းကေလးတစ္ေယာက္ ျဖစ္ေပမယ့္ အစ္မ ျဖစ္သူ ေနျခည္ဦး ရဲ့လက္တြဲ ေဖးမေခၚေဆာင္မႈ နဲ႔ အႏုပညာေလာကထဲကိုဝင္ေရာက္ဖို႔ ႀကိဳးစားေနသူ တစ္ေယာက္ ျဖစ္ပါတယ္။ ေနာက္ပိုင္း မွာေတာ့ စိမ္းလဲ့ရတနာ က အစ္မျဖစ္သူေနျခည္ဦး နဲ႔ အတူတူ ေၾကာ္ျငာေတြ မွာပါ ပါဝင္သ႐ုပ္ေဆာင္ လာတာကိုေတြ႕ရပါတယ္..။

သ႐ုပ္ေဆာင္ စိမ္းလဲ့ရတနာ ကေတာ့ ငယ္စဥ္ကေလးဘဝကတည္း က အႏုပညာကို ဝါသနာပါ ၿပီး ေက်ာင္းကပြဲေတြ မွာလည္း ေရွ႕ဆုံးကေန ပါဝင္တတ္ သူေလး တစ္ေယာက္ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ အရြယ္ စိမ္းလဲ့က ေစာင္းတီးျခင္း အတတ္ပညာကိုလည္း တစ္ဖက္ ကမ္းခတ္ တက္ေျမာက္ထားတာပဲျဖစ္ပါတယ္။ စိမ္းလဲ့ရတနာ က ဒီကေန႔မွာေတာ့ သူမရဲ့ ေစာင္းလက္ရာေလး ကို ပရိသတ္ေတြ ဆီ အနည္း အက်ဥ္းေလး ျပသလာပါတယ္။ ပရိသတ္ႀကီး အတြက္ နာမည္ႀကီး သီခ်င္း Let Her Go သီခ်င္းေလးကို ျမန္မာ့ရိုးရာ ေစာင္းလက္သံေလးနဲ႔ အထာက်က်တီးခတ္ျပခဲတာေလးကိုမၽွေဝေပးလိုက္ပါတယ္ေနာ္..။

သ႐ုပ္ေဆာင္ စိမ္းလဲ့ရတနာ ကေတာ့ အခုဆိုရင္ တကၠသိုလ္ဝင္တန္း ျပန္လည္ေျဖဆိုဖို႔ ႀကိဳးစားေန သလို အႏုပညာအလုပ္ေတြလည္း ျဖည္းျဖည္းခ်င္း စီလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးက လည္း ေနျခည့္ လိုပဲ စိမ္းလဲ့ေလးကိုခ်စ္ၿပီး အားေပးေပးၾကပါ ဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုမြန္ေကာင္း ေတာင္းေပး လိုက္ပါတယ္ေနာ္..။

Source: Sane Let’s fb

ပရိသတ်တွေက ချစ်ခင်အားပေးကြတဲ့ စိမ်းလဲ့ရတနာ က သရုပ်ဆောင်လည်းဖြစ် Beauty Blogger လည်းဖြစ်တဲ့ နေခြည်ဦး ရဲ့ အချစ်ဆုံး ညီမလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ စိမ်းလဲ့ရတနာကတော့ အခုဆိုရင် ကျောင်းသူ အရွယ် မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အစ်မ ဖြစ်သူ နေခြည်ဦး ရဲ့လက်တွဲ ဖေးမခေါ်ဆောင်မှု နဲ့ အနုပညာလောကထဲကိုဝင်ရောက်ဖို့ ကြိုးစားနေသူ တစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ စိမ်းလဲ့ရတနာ က အစ်မဖြစ်သူနေခြည်ဦး နဲ့ အတူတူ ကြော်ငြာတွေ မှာပါ ပါဝင်သရုပ်ဆောင် လာတာကိုတွေ့ရပါတယ်..။

သရုပ်ဆောင် စိမ်းလဲ့ရတနာ ကတော့ ငယ်စဉ်ကလေးဘဝကတည်း က အနုပညာကို ဝါသနာပါ ပြီး ကျောင်းကပွဲတွေ မှာလည်း ရှေ့ဆုံးကနေ ပါဝင်တတ် သူလေး တစ်ယောက် ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ် စိမ်းလဲ့က စောင်းတီးခြင်း အတတ်ပညာကိုလည်း တစ်ဖက် ကမ်းခတ် တက်မြောက်ထားတာပဲဖြစ်ပါတယ်။ စိမ်းလဲ့ရတနာ က ဒီကနေ့မှာတော့ သူမရဲ့ စောင်းလက်ရာလေး ကို ပရိသတ်တွေ ဆီ အနည်း အကျဉ်းလေး ပြသလာပါတယ်။ ပရိသတ်ကြီး အတွက် နာမည်ကြီး သီချင်း Let Her Go သီချင်းလေးကို မြန်မာ့ရိုးရာ စောင်းလက်သံလေးနဲ့ အထာကျကျတီးခတ်ပြခဲတာလေးကိုမျှဝေပေးလိုက်ပါတယ်နော်..။

သရုပ်ဆောင် စိမ်းလဲ့ရတနာ ကတော့ အခုဆိုရင် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုဖို့ ကြိုးစားနေ သလို အနုပညာအလုပ်တွေလည်း ဖြည်းဖြည်းချင်း စီလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးက လည်း နေခြည့် လိုပဲ စိမ်းလဲ့လေးကိုချစ်ပြီး အားပေးပေးကြပါ ဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်နော်..။

Credit – Cele Connections