ခ်စ္ပရိသတ္ႀကီးေရ မေအာင္ျမင္ခင္အခ်ိန္ ကတည္းက အနားမွာနားလည္မႈအျပည့္နဲ႔ရွိေနေပးခဲ့တဲ့ခ်စ္သူေလးကို ေအာင္ျမင္မႈေတြရလာတဲ့အခ်ိန္မွာလဲ တန္ဖိုးထားၿပီးဆက္ခ်စ္ေနခဲ့တဲ့ဂ်ိဳကာဟာ သူ႔ရဲ့အဖိုးတန္တဲ့ခ်စ္သူေလးကို ဘဝထဲေခၚနိုင္ဖို႔ ေျခလွမ္းစခဲ့ပါၿပီ။ ႏွစ္ေတြအၾကာႀကီး တစ္ေယာက္အေၾကာင္းတစ္ေယာက္ မခၽြင္းမခ်န္သိတဲ့ အေနအထားထိ လက္တြဲလာခဲ့ၾကၿပီး ၿပီးခဲ့တဲ့ (29.12.2020) မွာေတာ့ ႏွစ္ဦးသေဘာတူ ေစ့စပ္ခဲ့ၾကပါတယ္။

ႏွစ္သစ္မွာ မဂၤလာပြဲဆင္ႏႊဲဖို႔ကိုေတာ့ ပရိသတ္ေတြကေမၽွာ္လင့္ေနၾကပါတယ္။ ခ်စ္သူကို သိပ္ခ်စ္ၿပီး ဂ်ိဳကာဘာလုပ္လုပ္ အျမဲတမ္း support ေပးနိုင္သူေလးလည္းျဖစ္ပါတယ္။ ဂ်ိဳကာရဲ့လိုအပ္ခ်က္တိုင္းကိုလည္း တတ္စြမ္းတဲ့ဖက္က ျဖည့္ဆည္းၿပီး အျမဲကူညီေပးတတ္ ပါေသးတယ္။

ဒီလိုအဖက္ဖက္ကျပည့္စုံတဲ့ခ်စ္သူေလးနဲ႔ လက္တြဲနိုင္ခဲ့တာ ဂ်ိဳကာ့အတြက္ေတာ့ တကယ့္ဆုလာဒ္ေကာင္းတစ္ခုပါပဲ။ ႏွစ္ေယာက္သားရဲ့ Engaged Post ေအာက္မွာ ခင္မင္ရသူနဲ႔ ပရိသတ္ေတြက ဆုမြန္ေကာင္းေတြေတာင္းေပးခဲ့ၾကပါတယ္။ သိပ္ခ်စ္ၾကတဲ့ခ်စ္သူေတြ သက္ဆုံးတိုင္လက္တြဲခိုင္ျမဲပါေစလို႔ ထပ္မံ ဆုမြန္ေကာင္း တာင္းေပးလိုက္ပါတယ္ေနာ္….။

Credit – Cele Zone
Photo – Wai Yan Tun Min

ချစ်ပရိသတ်ကြီးရေ မအောင်မြင်ခင်အချိန် ကတည်းက အနားမှာနားလည်မှုအပြည့်နဲ့ရှိနေပေးခဲ့တဲ့ချစ်သူလေးကို အောင်မြင်မှုတွေရလာတဲ့အချိန်မှာလဲ တန်ဖိုးထားပြီးဆက်ချစ်နေခဲ့တဲ့ဂျိုကာဟာ သူ့ရဲ့အဖိုးတန်တဲ့ချစ်သူလေးကို ဘဝထဲခေါ်နိုင်ဖို့ ခြေလှမ်းစခဲ့ပါပြီ။ နှစ်တွေအကြာကြီး တစ်ယောက်အကြောင်းတစ်ယောက် မချွင်းမချန်သိတဲ့ အနေအထားထိ လက်တွဲလာခဲ့ကြပြီး ပြီးခဲ့တဲ့ (29.12.2020) မှာတော့ နှစ်ဦးသဘောတူ စေ့စပ်ခဲ့ကြပါတယ်။

နှစ်သစ်မှာ မင်္ဂလာပွဲဆင်နွှဲဖို့ကိုတော့ ပရိသတ်တွေကမျှော်လင့်နေကြပါတယ်။ ချစ်သူကို သိပ်ချစ်ပြီး ဂျိုကာဘာလုပ်လုပ် အမြဲတမ်း support ပေးနိုင်သူလေးလည်းဖြစ်ပါတယ်။ ဂျိုကာရဲ့လိုအပ်ချက်တိုင်းကိုလည်း တတ်စွမ်းတဲ့ဖက်က ဖြည့်ဆည်းပြီး အမြဲကူညီပေးတတ် ပါသေးတယ်။

ဒီလိုအဖက်ဖက်ကပြည့်စုံတဲ့ချစ်သူလေးနဲ့ လက်တွဲနိုင်ခဲ့တာ ဂျိုကာ့အတွက်တော့ တကယ့်ဆုလာဒ်ကောင်းတစ်ခုပါပဲ။ နှစ်ယောက်သားရဲ့ Engaged Post အောက်မှာ ခင်မင်ရသူနဲ့ ပရိသတ်တွေက ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။ သိပ်ချစ်ကြတဲ့ချစ်သူတွေ သက်ဆုံးတိုင်လက်တွဲခိုင်မြဲပါစေလို့ ထပ်မံ ဆုမွန်ကောင်း တာင်းပေးလိုက်ပါတယ်နော်….။

Credit – Cele Zone
Photo – Wai Yan Tun Min