ချစ်မေမေရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း တန်ဖိုးရှိတဲ့နေ့ရက်လေးကို ဖြတ်သန်းနေတဲ့ ဖွေးဖွေး

Posted on

ချစ်မေမေရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း တန်ဖိုးရှိတဲ့နေ့ရက်လေးကို ဖြတ်သန်းနေတဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ… နိုင်ငံကျော် မင်းသမီးချော ဖွေးဖွေးကတော့ အနုပညာလောကမှာ ထိပ်ဆုံးကနေအောင်မြင်နေသူဖြစ်ပြီး အကယ်ဒမီဆုကြီးများစွာကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါ တယ်။ ဖွေးဖွေးဟာ ပြီးခဲ့တဲ့နှစ်တွေမှာတော့ အနုပညာ အလုပ်တွေကို လုံးဝရပ်နားထားပြီး ဇာတ်ကားတွေ လည်း မရိုက်ကူးဖြစ်တာကြောင့် ပရိသတ်နဲ့ အလှမ်းဝေးသလိုဖြစ်ခဲ့ရပေမယ့် အခုဆိုရင် ကြော်ငြာ လေးတွေ ပွဲတက်လေးတွေနဲ့ ပြန်လည်ပြီးအလုပ်တွေ လုပ်နေပြီပဲဖြစ်ပါတယ်။

တစ်ကိုယ်တည်း အပျိုကြီးမို့ ကိုယ့်ကိုကိုယ်ပိုင်ပြီး မိသားစုနဲ့ပဲနေဖြစ်နေတဲ့ ဖွေးဖွေးဟာ ဒီကနေ့မှာလည်း | သူမရဲ့မေမေမွေးနေ့အတွက်ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖွေးဖွေးဟာဒီနေ့ အောက်တိုဘာလ (၁၁) ရက်နေ့ရဲ့ မွေးနေ့ရှင် မေမေနဲ့အတူတူ သံဃာတော် များကို ဆွမ်း၊ သင်္ကန်း အစရှိသည့် လှူဖွယ်ပစ္စည်းတွေ ကို ဆက်ကပ်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ မိဘနှစ်ပါးမှာ အဖေမရှိတော့တာမို့ တစ်ယောက်တည်းကျန်တော့တဲ့မေမေ့ကို ဂရုစိုက်ဖြစ်နေတာပဲဖြစ်ပါတယ်ဖွေးဖွေးတို့ သားအမိ တွေ အခုလိုအမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;





Credit;