တက်သစ်စလူငယ်တွေသာ အသက်ကြီးလာပေမယ့် သူကတော့မပြောင်းလဲဘူးဆိုတဲ့အကြောင်း ပုံနှင့်တကွပြသလာတဲ့ ထွန်းထွန်း

Posted on

တက်သစ်စလူငယ်တွေသာ အသက်ကြီးလာပေမယ့် သူကတော့မပြောင်းလဲဘူးဆိုတဲ့အကြောင်း ပုံနှင့်တကွပြသလာတဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ.. အကယ်ဒမီဆုရှင်မင်းသားတစ်ယောက်လည်းဖြစ်သလို အဆိုတော် တစ်ယောက်လည်းဖြစ်တဲ့ မင်းသားချောထွန်းထွန်းကတော့မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ထွန်းထွန်းဟာ သူ့ဘဝ သက်တမ်းတစ်လျှောက်လုံးမှာ အနုပညာအလုပ်တွေနဲ့ပဲ နှစ်မြုပ်နေခဲ့တာမို့ အိမ်ထောင်ရေးကိုမစဉ်းစားနိုင်ပဲ လက်ရှိအသက်လေးဆယ်ကျော်အချိန်အထိ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

အပူအပင်ကင်းတဲ့ လွတ်လပ်တဲ့ဘဝကို ပိုင်ဆိုင်ထားတာ မို့ ရှိရင်းစွဲအသက်ထက် ပိုပြီးငယ်ရွယ်ပုံပေါက်တဲ့ ထွန်း ထွန်းဟာ ဒီကနေ့မှာလည်း သူရဲ့ ထူးထူးခြားခြားဓာတ်ပုံလေးကိုပြသလာပါတယ်။ထွန်းထွန်းကလက်ရှိလူငယ်တွေကြားမှာနာမည်ကြီးနေတဲ့ ပေါက်စီ ခေါ်Haven PC လို့သိကြတဲ့ ကလေးလေးနဲ့ ဓာတ်ပုံလေးကို မျှဝေကာ “အဲ့ ချာတိတ် သေးသေးလေးနဲ့ ၂၀၁၀ တုန်းကပုံ နဲ့ အခု ၂၀၂၃ ပုံ.. ချစ်လို့ …” ဆိုပြီး မျှဝေလာပါတယ်။

ထွန်းထွန်းကတော့ သူနဲ့ တချိန်က ကိုယ်နဲ့အတူတူဓာတ်ပုံတွဲရိုက်ဖူးတဲ့ ကလေးလေးဟာ သရုပ်ဆောင်ဖြစ် ပြီး ကြီးပြင်းလာခဲ့ပြီဖြစ်ကြောင်းပြသလာခဲ့တာပဲ ဖြစ်ပါ တယ်။ ငယ်ရွယ်တူတွေသာ အရွယ်ရောက်လာပေမယ့်လည်း ထွန်းထွန်းက အရင်အတိုင်းရှိနေဆဲဖြစ်တာပါပဲ နော်။

Photo Credit;Tun Tun’fb





Photo Credit;Tun Tun’fb