နာမည်ကြီးဆယ်လီအနုပညာရှင်တွေကပါ မိတ်ကပ်ထက်ပိုင်ခန့်ဘက်က ရပ်တည်ပေးလို့ ပေါက်ကွဲနေတဲ့ လှယမင်းအိမ်

Posted on

နာမည်ကြီးဆယ်လီအနုပညာရှင်တွေကပါ မိတ်ကပ်ထက်ပိုင်ခန့်ဘက်က ရပ်တည်ပေးလို့ ပေါက်ကွဲနေတဲ့ လှယမင်းအိမ်

ပရိသတ်ကြီးရေ… အဆိုတော် လှ ယမင်းအိမ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၉) ရက် နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မွေးနေ့ပွဲမှာ သူမနဲ့ မိတ်ဆွေ တွေရဲ့ ဖုန်းတွေ ပိုက်ဆံတွေ အခိုးခံရတယ်ဆိုပြီး မိတ်ကပ်ဆရာတစ်ယောက်နဲ့ ပြဿနာတွေဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ လှယမင်းအိမ် စွပ်စွဲတဲ့ မိတ်ကပ် ထက်ပိုင် ခန့်ဟာ မင်းသမီးအချို့နဲ့ အနုပညာအသိုင်းအဝိုင်းကလူ တွေနဲ့ အလုပ်လုပ်ကိုင်ဖူးတာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူး တဲ့ အနုပညာရှင်နဲ့ ဆယ်လီတွေဟာ ထက်ပိုင်ခန့်ရဲ့ ဂုဏ်သိက္ခာကိုယုံကြည်စွာနဲ့ ထက်ပိုင်ခန့်ဘက်ကနေ ရပ်တည်အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။

အနုပညာရှင်၊ ဆယ်လီတွေသာမကပဲ ပရိသတ်တွေက ပါ အစွပ်စွဲခံရတဲ့ မိတ်ကပ် ထက်ပိုင်ခန့်ဘက်က ရပ်တည်ပြီး သူမကို ဆဲဆိုနေကြတာကြောင့် လှယမင်း အိမ်က “အမှန်တရားက အမှန်တရားပဲ ၊ဘုရားသိတယ် နတ်သိတယ်။ ကိုယ်က ပန်းနုသွေး မလုပ်တတ်တော့ ကိုယ်ခုချိန် အဆဲခံရလဲ ကျေနပ်တယ်။ နောက်လူတွေ ကိုယ်လို မခံရရင် ရပြီ။ ခိုးတဲ့သူ ကိုယ်တိုင်လဲနောက် ဒီ လို မလုပ်ရဲလောက်တော့ဝူး ဒီလို ပွဲဖြစ်သွားတော့ကိုယ်ပဲ ခင်မို့မို့အေး ဖြစ်သွားလဲ ရတယ်။ သူ့ဘဝလေး လဲ နောက် ဒီလို မခိုးရဲတော့ဘဲ လူကောင်းဖြစ်သွားမယ်။ နောက်လူတွေလဲ ကိုယ်တွေလို မခံရတော့ဘူး။ ခုလို ကိုယ် အဆဲခံရလဲ အဆဲခံရကျိုးနပ်တယ်လို့ပဲ တွေးပါ တယ်ရှင်။ ခုလောလောဆယ်တော့ လူတစ်ယောက်ရဲ့ အနာဂါတ်လေး ကောင်းသွားအောင် ကိုယ်ပဲ အနစ်နာခံ ပြီး ခင်မို့မို့အေးလုပ်ပြီး ပြုပြင်ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါတယ်ရှင်။ Edit- လူ အယောက်၂၀၊ ၃ဝ ဝိုင်းလုပ်လိုက်လို့ဆိုရင် ခြေကျိုး လက်ကျိုးပြီး

မျက်နှာတွေ ဖူးယောင်ပြီး ခုချိန် ဆေးရုံပါ ရောက်နေရ မှာ မဟုတ်ဘူးလား။နောက်ဆုံး သူ ဝန်ခံတဲ့ video file တွေ မှာကြည့်နော်။ အားနဲ့ မာန်နဲ့ ဘယ်သူက ဘယ်လို လုပ်ပေးပြီး ဘယ်လို ခိုးခဲ့ပါတယ်က အစ ဝန်ခံထားတာ သူ့အသား အဲ့လောက် နာအောင် လုပ်ထားရင် သူ ပြော သလို လူ အယောက် ၂၀၊၃၀ တဲ့ ၊ အဲ့တုန်းကမှ ရှိတာ ၁၅ယောက်တောင် မပြည့် – ပန်းနုသွေး လုပ်ချက်ကြီး က ဦးနှောက်ရှိတဲ့သူတွေဆို ဘယ်ဟာ အမှန်အမှား သိ ကြမှာပါ အရင်က လူကောင်းဆိုလဲ လွယ်ရင် သူကြွယ် တောင် မနေတဲ့ ၊ မိတိကပ်လိမ်းတဲ့အချိနိ အိမ်တွေမှာဆို ရင်တော့ ဘယ်ပျောက်မလဲ အရမ်း လင်းလင်း ထင်းထင်း ပျောက်ရင်လဲ အသိသာကြီး ဆိုတော့ ဘယ် လုပ်ရဲမလဲ ခုဟာက အရမ်း လုပ်လို့ကောင်းတဲ့နေရာ ဆို တော့ နောက်လူတွေ သတိထားကြပေါ့ကွယ် ။ ကိုယ်ပဲ အဆဲခံ အနစ်နာခံပြီး ခင်မို့မို့အေး လုပ်ပေးလိုက်ပါ တယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။

လှယမင်းအိမ်ကတော့ နောက်ဆုံးအချိန်ထိ သူမရဲ့ ပိုက်ဆံနဲ့ ဖုန်းတွေ ခိုးယူတာ မိတ်ကပ် ထက်ပိုင်ခန့် ပါဆို ပြီး တိတိကျကျကို ပြောဆိုနေတာပဲဖြစ်ပါတယ်။ အမှန် တရားကတော့ ဘာဖြစ်မလဲဆိုတာ ကာယကံရှင်တွေ အသိဆုံးဖြစ်မှာပါ Cele Active World ပရိသတ် ကြီးရေ..

Credit;






Credit;