နှမချင်းကိုယ်ချင်းမစာပဲ သူမကိုနစ်နာအောင်ပြောဆိုနေသူတွေကို သည်းမခံတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ရတနာဗိုလ်

Posted on

နှမချင်းကိုယ်ချင်းမစာပဲ သူမကိုနစ်နာအောင်ပြောဆိုနေသူတွေကို သည်းမခံတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ရတနာဗိုလ်

ပရိသတ်ကြီးရေ… သရုပ်ဆောင် ရတနာဗိုလ် ကတော့ အနုပညာလောကမှာ နာမည်ရသ လောက် ပရိသတ်အားပေးမှုကိုလည်း ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ရတနာဗိုလ်ဟာ အလုပ်ကိုပဲအာရုံစိုက်လုပ်ကိုင်တတ်သူဖြစ်ပြီး အနေ အေးသလောက် ဒီကနေ့မှာတော့ သူမကို နှမချင်းမစာမ နာပြောနေကြတဲ့ အကြောင်းတွေကို ထပ်ပြီးသည်းခံမှာ မဟုတ်ဘူးလို့ ပြောလာပါတယ်။

ရတနာဗိုလ်က “ကျွန်မ ကိုယ့်သိက္ခာတရားကို တန်ဖိုး ထားပြီး ကိုယ့်အလုပ်ခွင်မှာဘယ်လိုနေထိုင်လဲဆိုတာ အနုပညာမောင်နှမတွေအကုန်သိတယ်။ ဒါကိုပရိတ် သတ်ပါဆိုပြီးအယောင်ဆောင်တဲ့ လူတွေနှမချင်းမစာမ နာ မိန်းကလေးချင်းနစ်နစ်နာနာလိုက်ပြောနေတာတွေ တော်ရုံပဲသည်းခံမယ်နော်။ ဒါသတိပေးခြင်းပဲ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ရတနာဗိုလ် ကတော့ သူမအနေနဲ့ လုပ်ငန်းခွင်မှာ ကိုယ့် သိက္ခာနဲ့ကိုယ် တန်ဖိုးထားပြီး နေခဲ့သလောက် သူမကို နှမချင်းမစာမနာ မိန်းကလေးချင်းမစာမနာပြောဆိုနေ ကြတဲ့အခါ ပေါက်ကွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။

Credit;





Credit;