မကြာခင်လက်ထပ်တော့မယ့် ခင်ပွန်းလောင်းလေးနဲ့ Pre Weddingပုံလေးတွေရိုက်ကူးနေပြီဖြစ်တဲ့ မင်းသမီးအိချောပို

Posted on

မကြာခင်လက်ထပ်တော့မယ့် ခင်ပွန်းလောင်းလေးနဲ့ Pre Weddingပုံလေးတွေရိုက်ကူးနေပြီဖြစ်တဲ့ မင်းသမီးအိချောပို

ပရိသတ်ကြီးရေ… စူစူလို့ ပရိသတ် တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာလောကမှာအအောင်မြင်ဆုံး မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ရုပ်ရည်၊ ခန္ဓာကိုယ် အချိုးအစားလည်း လှပသလို သရုပ်ဆောင် လည်းကောင်းတဲ့ အိချောပိုက ရုပ်ရှင်ဇာတ်ကားကြီး တွေကို ဆက်တိုက်ရိုက်ကူးနေပေမယ့် အကယ်ဒမီ ထူးချွန်ဆုကြီးနဲ့တော့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို ရရှိခဲ့ပြီးနောက် မ ကြာခင်မှာ လက်ထပ်တော့မယ့် အိချောပိုဟာ ဒီကနေ့မှာတော့ သူမတို့ချစ်သူနှစ်ယောက်ရဲ့ Pre Weddingပုံရိပ်တွေကိုမျှဝေလာပါတယ်။အိချောပိုတို့ချစ်သူနှစ်ယောက်က ခမ်းခမ်းနားနားနဲ့လှပနေတာကိုအခုလိုတွေ့ရပါတယ်။

အိချောပိုတို့ ချစ်သူနှစ်ယောက်က လာမယ့် နိုဝင်ဘာလ (၁၇) ရက်နေ့မှာ ထိုင်းနိုင်ငံ ဖူးခတ်မြို့မှာ လက်ထပ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထားကြပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိချောပိုတို့ ချစ်သူနှစ် ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြ မယ်လို့ ထင်ပါတယ်နော်။

Credit;





Credit;