ရှုတင်နောက်ဆုံးရက်မှာ အဖွဲ့သားတွေကို သူမလုပ်နေကျအတိုင်းလေးလုပ်ပေးခဲ့ပုံကို ဗီဒီယိုနဲ့တကွပြသလာတဲ့ အိချောပို

Posted on

ရှုတင်နောက်ဆုံးရက်မှာ အဖွဲ့သားတွေကို သူမလုပ်နေကျအတိုင်းလေးလုပ်ပေးခဲ့ပုံကို ဗီဒီယိုနဲ့တကွပြသလာတဲ့ အိချောပို

ပရိသတ်ကြီးရေ… သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ အနုပညာ လောကမှာ အောင်မြင်မှုတွေများစွာရရှိထားပြီး နာမည် တစ်လုံးနဲ့ရပ်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိချောပိုဟာ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ် လက်ဖြစ်ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေလျက်ရှိတာပဲ ဖြစ် ပါတယ်။

အနုပညာအလုပ်ကို မြတ်နိုးတန်ဖိုးထားသလို သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သံယောဇဉ်ရှိတဲ့ အိ ချောပိုဟာ ဒီတစ်ခါမှာလည်း ရှုတင်အဖွဲ့သားတွေကို ဆန်နဲ့ဆီတွေ ဝေငှပေးခဲ့တာကို တွေ့ရပါတယ်။ အိချောပိုက “ရုပ်ရှင်ရိုက်ကူးရေးနောက်ဆုံးနေ့တိုင်းမှာအဖွဲ့သားတွေအတွက် လုပ်ပေးနေကြအလှူလေး” ဆိုပြီး သူမရဲ့ အလှူမှတ်တမ်းဗီဒီယိုလေးကို မျှဝေပေးလာခဲ့ ပါတယ်။

အိချောပိုကတော့ ရှုတင်နောက်ဆုံးနေ့အမှတ်တရအဖြစ် အဖွဲ့သားအားလုံးကို ဆန်နဲ့ဆီတွေပေးရင်း ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးလည်း အိချောပိုရဲ့ ဗီဒီယိုလေးကိုကြည့်ပြီးအပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။

Credit;





Credit;