သားသမီးမရှိသေးတဲ့အတွက် သူများရဲ့သားသမီးကိုပဲချစ်နေရကြောင်း ပုံနှင့်တကွပြသလာတဲ့ သရုပ်ဆောင်ဘုန်းလျှံ

Posted on

သားသမီးမရှိသေးတဲ့အတွက် သူများရဲ့သားသမီးကိုပဲချစ်နေရကြောင်း ပုံနှင့်တကွပြသလာတဲ့ သရုပ်ဆောင်ဘုန်းလျှံ

ပရိသတ်ကြီးရေ.. သရုပ်ဆောင် ဘုန်းလျှံကတော့ တချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေမှာ နာမည်ကြီးတဲ့မင်းသားတစ်လက်ပဲ ဖြစ်ပါ တယ်။ ဘုန်းလျှံဟာ အောင်မြင်မှုတွေရရှိနေဆဲအချိန်မှာ ပဲ သူ့ရဲ့အမှားတစ်ခုကြောင့် ပရိသတ်တွေနဲ့ အလှမ်းဝေး သွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေကမှ ပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

အခုဆိုရင် အိမ်ထောင်ရက်သားလည်းကျခဲ့ပြီဖြစ်တဲ့ ဘုန်းလျှံဟာ သားသမီးရတနာမရှိသေးပဲ ချစ်ဇနီးနဲ့ ချစ်ဇနီးဘက်ကပါတဲ့ သမီးတစ်ယောက်ကိုသာ အချစ်ပိုနေ ရတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာလည်းဘုန်းလျှံက အဆိုတော်ဗီဗာဟိန်းရဲ့အိမ်တက်ပွဲကို သွားရင်း ဗီဗာ ဟိန်းရဲ့သားလေးကို အရမ်းချစ်ပြီး သားလေးကို သူရဲ့ ပေါင်ပေါ်ကနေ မချနိုင်အောင်ဖြစ်ခဲ့ရတာကို တွေ့ရပါ တယ်။

ဘုန်းလျှံကတော့ ကိုယ်ပိုင်သွေးသား သားသမီးမရှိ သေးတာကြောင့် သူများတွေရဲ့ ကလေးကိုမြင်ရင်အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ဘုန်းလျှံတို့ ဇနီးမောင်နှံ လည်း အမြန်ဆုံး ရင်သွေးလေးတွေကို ရရှိပိုင်ဆိုင်နိုင်ပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit;Bone Hlyan’s fb




