သူတို့ရဲ့စိတ်ကူးအိပ်မက်ထဲကသားလေးရုပ်နဲ့ အပြင်ကသားလေးရုပ်ဟာတစ်ထပ်တည်းကျနေလို့ အံ့သြပီတိဖြစ်နေရတဲ့ သရုပ်ဆောင်လင်းမြတ်

Posted on

သူတို့ရဲ့စိတ်ကူးအိပ်မက်ထဲကသားလေးရုပ်နဲ့ အပြင်ကသားလေးရုပ်ဟာတစ်ထပ်တည်းကျနေလို့ အံ့သြပီတိဖြစ်နေရတဲ့ သရုပ်ဆောင်လင်းမြတ်

ပရိသတ်ကြီးရေ… ခန့်ညားတဲ့ ရုပ်ရည်နဲ့ ယောကျာ်းပီသတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့သရုပ်ဆောင်လင်းမြတ်ကိုတော့ အထွေအထူးမိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူးနော်။ လင်းမြတ်ဟာ ဇာတ်လမ်းပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ချစ်လှစွာသော” ဇာတ်လမ်းတွဲမှာလည်း ဒေါက်တာမြတ်ဇော် အဖြစ် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ လင်းမြတ်ဟာ ကနေဒါနိုင်ငံ Humber College မှာ ရုပ်ရှင်ဒါရိုက်တာကျောင်းကို တက်ရောက်နေတာပဲဖြစ်ပါတယ်။

မိသားစုနဲ့ခွဲခွာပြီး တစ်နိုင်ငံမှာ နေထိုင်နေရတာမို့ မိသားစုကို အမြဲတမ်းအောက်မေ့သတိရတတ်တဲ့ လင်းမြတ်ဟာ ဒီတစ်ခါမှာလည်း သူရဲ့သားလေး Maxi အကြောင်းကို ပြောလာခဲ့ပါတယ်။ လင်းမြတ်က “သား လေးMaxi မေမေ့ဗိုက်ထဲကထွက်လာရင်ဘယ်လိုလေး ဖြစ်စေချင်တယ်ဆိုတာ မမွေးခင် ၃-၄လထဲကဗိုက် နားကပ်ပြီးအမြဲစကားပြောဖြစ်တယ်။ စိတ်ဓာတ်ပိုင်းအရ ရုပ်ပိုင်းဆိုင်ရာအရပေါ့။ ကျနော်တို့အမြဲပြောနေကြက ဖေဖေ့မျက်တောင်လေး ယူ၊ မျက်ရစ်လေးယူ၊ မေမေ့ရဲ့မျက်လုံးလေး ပါးလေး တွေအတိုင်းယူ အစရှိသည်ပေါ့ ၊ တစ်ကယ်အံ့ဩဖို့ ကောင်းတာက မွေးလာတော့ ဖေဖေမေမေဆုတောင်း တဲ့အတိုင်းဖြစ်စေချင်တဲ့အတိုင်း တစ်ချက်မကျန်အကုန် ဖြစ်လာမွေးလာတာပဲ .. Thank you သားလေး အရမ်း နမ်းချင်နေပြီ ဧဧဧ ” ဆိုပြီး ပြောလာခဲ့ပါတယ်။

လင်းမြတ်ကတော့ သားလေး Maxi မမွေးခင်က သူတို့ ဇနီးမောင်နှံလိုချင်ခဲ့ကြတဲ့ ရုပ်ရည်အတိုင်း သားလေး Maxi ဟာ မွေးဖွားလာခဲ့တာကြောင့် ကျေနပ်နေတာပဲ ဖြစ်ပါတယ်။ လင်းမြတ်တစ်ယောက်ဖြစ်ချင်တဲ့ပညာရေးပန်းတိုင်ကိုရောက်ရှိပြီးချစ်စရာကောင်းတဲ့ သားလေး Maxi နဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit;Lin Myat





Photo Credit;Lin Myat