သူမကို ပြဿနာရှာကာ အိမ်ပေါ်ကနေဆင်းသွားပြီး စပရိုက်အကြီးကြီးတိုက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူအကြောင်းကိုပြောပြလာတဲ့ မြတ်သူသူရဲ့ဗီဒီယို

Posted on

သူမကို ပြဿနာရှာကာ အိမ်ပေါ်ကနေဆင်းသွားပြီး စပရိုက်အကြီးကြီးတိုက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူအကြောင်းကိုပြောပြလာတဲ့ မြတ်သူသူရဲ့ဗီဒီယို

ပရိသတ်ကြီးရေ… သရုပ်ဆောင် မြတ်သူသူကတော့ ဗီဒီယိုဇာတ်ကားတွေကတည်းကနေ လက်ရှိဇာတ်လမ်းတွဲခေတ်အထိ အောင်မြင်ကျော်ကြား တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ မြတ်သူသူဟာ “မှော်ပလ္လင်”၊ “တို့မမနဲ့တို့”၊ “ပျားရည်အိုင်”၊ “အေး ရိပ်ငြိမ်”၊ “သစ္စာ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။

အခုဆိုရင် အိမ်ထောင်ကျပြီး သာယာတဲ့အိမ်ထောင်ရေး တစ်ခုကိုလည်း တည်ဆောက်ထားတဲ့ မြတ်သူသူဟာ ဒီ ကနေ့မှာတော့ သူမခင်ပွန်းဆီက ကြီးကြီးမားမား Surprise တိုက်ခံခဲ့ရကြောင်း ဗီဒီယိုလေးနဲ့တကွပြသ လာပါတယ်။ မြတ်သူသူက “တမင်ပြသနာရှာတာ ဒါ ကြောင့်ပါတဲ့ရှင် III တနေ့တမျိုး မရိုးရဘူးနော် ဆရာကြီး Sai Htet Myat Myat Thu Thu ကိုယ်ချစ်လို့ ယူထားတဲ့သူပဲ ဘယ်စိတ်ဆိုးရက်ပါ့မလဲ ဒါပေမဲ့ ဘာ ကြောင့်နဲ့မှ ရန်မဖြစ်ချင်လို့ မှတ်သွားအောင် တင်းထား တာ ” ဆိုပြီး ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။

မြတ်သူသူကတော့ ပြဿနာရှာ အိမ်ပေါ်ကနေဆင်းသွား ပြီး နောက်ဆုံးပေါ်Iph 15 pro max ကိုဝယ်ပြီး လက်ဆောင်ပေးတဲ့ ခင်ပွန်းဖြစ်သူကြောင့် စိတ်ဆိုးရ ခက် ပျော်ရခက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြတ်သူသူတို့ ဇနီးမောင်နှံနှစ် ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် လို့ ထင်ပါတယ်နော်။

Credit;





Credit;