သူမရဲ့အရင်ကမပြုပြင်ထားတဲ့ ပုံနဲ့အခုပုံကိုယှဉ်တွဲပြလာတဲ့ သူကိုပညာသားသားပါပါတုံ့ပြန်လိုက်တဲ့ မြတ်သူသူ
Posted on
သူမရဲ့အရင်ကမပြုပြင်ထားတဲ့ ပုံနဲ့အခုပုံကိုယှဉ်တွဲပြလာတဲ့ သူကိုပညာသားသားပါပါတုံ့ပြန်လိုက်တဲ့ မြတ်သူသူ
ပရိသတ်ကြီးရေ… သရုပ်ဆောင် မြတ်သူသူကတော့ MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါ တယ်။ မြတ်သူသူဟာ သူမဝါသနာပါတဲ့ အနုပညာ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းရင်း ချီးကျူး လက်ခုပ်သံတွေလည်းကြားခဲ့ရသလို ဝေဖန်ကဲ့ရဲ့မှုတွေ ကိုလည်း ကြုံခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မြတ်သူသူက သူမရဲ့ အရင်ကပုံနဲ့ လက်ရှိပုံကို ယှဉ်တွဲ ပြသသူကြောင့် ကိုယ့်ကိုကိုယ်ကျေနပ်မိတယ်လို့ ဆိုပါ တယ်။
မြတ်သူသူက “ဟိုအရင် 2019 လောက်ကပုံအောက်မှာ လာဘလိန်းထားတဲ့မန့်တွေ့ပြီးမှ ကိုယ့်ကိုကိုယ်ပိုတောင် အရမ်းကျေနပ်မိသွားတယ်။ ဟုတ်ပါတယ်။ အရင်ကပုံ ကို မြင်ဖူးတဲ့သူတွေဆိုသိတယ်။ စိတ်ပင်ပန်းမှုတွေ တာဝန်ယူရတာတွေများလွန်းတော့ ဘယ်လောက် မိတ်ကပ်ပြင်ထားထား ရုပ်မထွက်ဘူး။ အရာအားလုံး မိန်းမသားတယောက်ထဲတာဝန်ယူရတယ်။ စိတ်ကိုပေး တဲ့ဒဏ်ရာတွေအပြည့်ရခဲ့တယ်။ စိတ်ရောလူရော ပြောင်းလဲဖို့ဆိုတာ ကိုယ့်ဘဝထဲကနေ မလိုအပ်တာတွေ ထုတ်ပစ်ရမယ်လေ။ အခုတော့ အသားဖြူဆေးလည်း ထိုးစရာမလိုဘူး။ ခွဲစိတ်ပြုပြင်ပြီး အတင်းလုပ်ယူထား စရာမလိုအောင်ကို စိတ်ကြောင့် ရုပ်ကပြောင်းလဲလာ တာ မပြောင်းလဲတာ တခုကတော့ ချစ်သောသူတွေ အပေါ်ဆို ဘယ်လိုမှ မာနမထားနိုင်တာပဲ။ မဟုတ်မမှန် လမ်းကြောင်းမှား ဘယ်တော့မှမလိုက်ဘူးဆိုတဲ့ မာန တော့ရှိတယ်။ ရိုးရိုးသားသားနဲ့ကြိုးစားဖို့အတွက်သာ ရှက်တာ မဟုတ်တဲ့အလွယ်လမ်းလိုက်ဖို့တော့ တအား ရှက်တာ။ တကယ်က ရုပ်ထက်စိတ်ကအဓိကပါပဲ။ အရာအားလုံးက စိတ်နဲ့တူသောအကျိုးပေးတဲ့ဘဝတွေ ရကြမှာပါ ” ဆိုပြီး ပြောလာပါတယ်။
မြတ်သူသူကတော့ အရင်ကပုံနဲ့ အခုပုံကို ယှဉ်တွဲပြတဲ့ သူတွေကြောင့် စိတ်ရောလူပါကြည်လင်လှပအောင်နေ ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးလည်း မြတ်သူသူရဲ့ လှပခြင်းလျှို့ဝှက်ချက်ကို သိရှိသွားကြပြီလို့ ထင်ပါ တယ်နော်။
Credit;
Credit;