အဆင်ပြေသွားတဲ့သူငယ်ချင်းနှစ်ယောက်ကြောင့် မျက်နှာပူစရာမလိုတော့ကြောင်းကို ပြောပြလာတဲ့ စန္ဒီမြင့်လွင်

Posted on

အဆင်ပြေသွားတဲ့သူငယ်ချင်းနှစ်ယောက်ကြောင့် မျက်နှာပူစရာမလိုတော့ကြောင်းကို ပြောပြလာတဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ… အနုပညာ လောကရဲ့အဆိုတော် မင်းသမီးလေးတွေဖြစ်ကြတဲ့ နန်း ဆုရတီစိုး၊ ဝိုင်းစုခိုင်သိန်းနဲ့ စန္ဒီမြင့်လွင်တို့ဟာဆိုရင် ပရိသတ်အားပေးမှုကို အသီးသီးရရှိထားကြသူတွေဖြစ် ပါတယ်။ ဝိုင်းစုခိုင်သိန်းနဲ့ နန်းဆုရတီစိုးတို့ဟာ ကြား စကားတွေကြောင့် နှစ်ပေါင်းများစွာ မခေါ်မပြောဖြစ်ခဲ့ ကြပြီး ပြီးခဲ့တဲ့လပိုင်းကမှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး ပြန်ခေါ်ဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းနဲ့ နန်းဆုရတီစိုး နှစ်ယောက်စလုံးနဲ့ ခင်မင် နေတဲ့ စန္ဒီမြင့်လွင်ဟာ သူငယ်ချင်းနှစ်ယောက် မခေါ် ဖြစ်ကြတဲ့အချိန်တွေမှာ ကြားထဲကနေ မျက်နှာပူရတယ် ဆိုပြီး အင်တာဗျူးဗီဒီယိုမှာ ဖြေကြားခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ဝိုင်းစုခိုင်သိန်း၊ နန်းဆုရတီစိုးနဲ့ စန္ဒီမြင့်လွင်တို့ သူငယ်ချင်းတွေဟာ မုန့်သွားစားပြီး တစ်ယောက်နဲ့တစ် ယောက် အဆင်ပြေပြေနဲ့ Date ခဲ့ကြတာကို တွေ့ရပါ တယ်။

ဝိုင်းစုခိုင်သိန်း၊ နန်းဆုရတီစိုးနဲ့ စန္ဒီမြင့်လွင်တို့သူငယ်ချင်းတွေကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ကအတိုင်း ခင်မင်မှုတွေတည်ဆောက်နေပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝိုင်းစုခိုင်သိန်း၊ နန်း ဆုရတီစိုးနဲ့ စန္ဒီမြင့်လွင်တို့ သူငယ်ချင်းတွေရဲ့ ပုံရိပ်လေး ကိုကြည့်ရှုသဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Credit;





Credit;