အီတလီနိုင်ငံမှာအဆင်ပြေအောင်နေထိုင်ရပေမယ့် သူမရဲ့ရင်တွင်းခံစားချက်တွေကို ထုတ်ပြောလာတဲ့ ချမ်းချမ်း

Posted on

အီတလီနိုင်ငံမှာအဆင်ပြေအောင်နေထိုင်ရပေမယ့် သူမရဲ့ရင်တွင်းခံစားချက်တွေကို ထုတ်ပြောလာတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ.. ပရိသတ်ကြီးရေ… အဆိုတော် ချမ်း ချမ်း ကတော့ ဂီတ အနုပညာလောကမှာ အောင်မြင်မှု ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချမ်းချမ်းက သူမရဲ့ခင်ပွန်းမွေးရပ်မြေ အီတလီမှာ အခြေချနေထိုင်နေလျက်ရှိပါတယ်။ ခင်ပွန်း သားသမီး တွေနဲ့ ပြီးပြည့်စုံစွာနေထိုင်နေရပေမယ့် မွေးရပ်မြေကို သတိရနေတဲ့ ချမ်းချမ်းက ဒီကနေ့မှာလည်း သူမရဲ့ မိဘ တွေနဲ့ မြန်မာပြည်ကို သတိရတယ်လို့ ရင်ဖွင့်လာပါ တယ်။

ချမ်းချမ်းက “လွန်ခဲ့တဲ့ 4နှစ်က ပုံလေးတွေ တခါတလေ လဲ အိမ်ပြန်ချင်စိတ်ကို ထိန်းမရဘူး။ လူဆိုတာ ကိုယ့် မွေးရပ်မြေ ကိုယ့်အိမ် မိသားစုကို အမြဲသတိရနေတာ ဆန်းပေမဲ့ အခုလို ဘဝကို အဝေးတနေရာမှာ အခြေချ နေထိုင်ရတာ ဘယ်လောက်ပဲ အဆင်ပြေပြေ သတိရ တာသတိရတာပါပဲ။ တနေ့ကိုယ်ချစ်တဲ့ အဖေအမေတို့ ကို နောက်တခေါက် အိမ်ပြန်လာပြီးတွေ့ချင်သေးတယ်။ အရင်လို အလုပ်တွေပြန်လုပ်ပြီး အခုလက်ရှိ ကိုယ်ချစ် တဲ့သမီးတွေရယ် ကိုယ့်ခင်ပွန်းရယ် အတူတူ အိမ် ပြန်လာပြီး နေခွင့်ရရင်..တနေ့ပေါ့လေ နဲ့ ပုံလေး တွေစာလေးတွေက မတွေ့ရတော့ဘူး။ ရသလောက်သေး save ထားတာလေးတွေ” ဆိုပြီး အရင်ကဓာတ်ပုံလေး တွေကိုပါ မျှဝေလာပါတယ်။

ချမ်းချမ်း ကတော့ သူမအနေနဲ့ အီတလီနိုင်ငံမှာ အဆင့်အတန်းမြင့်မြင့်နေရပြီး သမီးလေးတွေအားလုံးနဲ့ လည်း တစုတစည်းတည်းနေရတယ်ဆိုပေမယ့်လည်း မွေးရပ်မြေက မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို သတိရတယ်လို့ ရင်ဖွင့်လာတာပဲဖြစ် ပါတယ်။

Credit;

အီတလီနိုင္ငံမွာအဆင္ေျပေအာင္ေနထိုင္ရေပမယ့္ သူမရဲ့ရင္တြင္းခံစားခ်က္ေတြကို ထုတ္ေျပာလာတဲ့ ခ်မ္းခ်မ္း

ပရိသတ္ႀကီးေရ.. ပရိသတ္ႀကီးေရ… အဆိုေတာ္ ခ်မ္း ခ်မ္း ကေတာ့ ဂီတ အႏုပညာေလာကမွာ ေအာင္ျမင္မႈ ရရွိခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ခ်မ္းခ်မ္းက သူမရဲ့ခင္ပြန္းေမြးရပ္ေၿမ အီတလီမွာ အေျခခ်ေနထိုင္ေနလ်က္ရွိပါတယ္။ ခင္ပြန္း သားသမီး ေတြနဲ႔ ၿပီးျပည့္စုံစြာေနထိုင္ေနရေပမယ့္ ေမြးရပ္ေျမကို သတိရေနတဲ့ ခ်မ္းခ်မ္းက ဒီကေန႔မွာလည္း သူမရဲ့ မိဘ ေတြနဲ႔ ျမန္မာျပည္ကို သတိရတယ္လို႔ ရင္ဖြင့္လာပါ တယ္။

ခ်မ္းခ်မ္းက “လြန္ခဲ့တဲ့ 4ႏွစ္က ပုံေလးေတြ တခါတေလ လဲ အိမ္ျပန္ခ်င္စိတ္ကို ထိန္းမရဘူး။ လူဆိုတာ ကိုယ့္ ေမြးရပ္ေၿမ ကိုယ့္အိမ္ မိသားစုကို အျမဲသတိရေနတာ ဆန္းေပမဲ့ အခုလို ဘဝကို အေဝးတေနရာမွာ အေျခခ် ေနထိုင္ရတာ ဘယ္ေလာက္ပဲ အဆင္ေျပေၿပ သတိရ တာသတိရတာပါပဲ။ တေန႔ကိုယ္ခ်စ္တဲ့ အေဖအေမတို႔ ကို ေနာက္တေခါက္ အိမ္ျပန္လာၿပီးေတြ႕ခ်င္ေသးတယ္။ အရင္လို အလုပ္ေတြျပန္လုပ္ၿပီး အခုလက္ရွိ ကိုယ္ခ်စ္ တဲ့သမီးေတြရယ္ ကိုယ့္ခင္ပြန္းရယ္ အတူတူ အိမ္ ျပန္လာၿပီး ေနခြင့္ရရင္..တေန႔ေပါ့ေလ နဲ႔ ပုံေလး ေတြစာေလးေတြက မေတြ႕ရေတာ့ဘူး။ ရသေလာက္ေသး save ထားတာေလးေတြ” ဆိုၿပီး အရင္ကဓာတ္ပုံေလး ေတြကိုပါ မၽွေဝလာပါတယ္။

ခ်မ္းခ်မ္း ကေတာ့ သူမအေနနဲ႔ အီတလီနိုင္ငံမွာ အဆင့္အတန္းျမင့္ျမင့္ေနရၿပီး သမီးေလးေတြအားလုံးနဲ႔ လည္း တစုတစည္းတည္းေနရတယ္ဆိုေပမယ့္လည္း ေမြးရပ္ေျမက မိသားစုေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းေတြကို သတိရတယ္လို႔ ရင္ဖြင့္လာတာပဲျဖစ္ ပါတယ္။

Credit;