


Source: Smile
Credit -CeleKhitThit

မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်ကြီးရေ (၂၀၀၀ ခုနှစ်ဝန်းကျင်မှာ) မော်ဒယ်လောက ကြော်ညာလောကမှာ ထူးထူးကဲကဲ ပေါက်မြောက်အောင်မြင်ရင်း ရုပ်ရှင်ဗီဒီယိုတွေမှာပါ နာမည်ရအောင်မြင်ခဲ့သူ စမိုင်းလ်ဟာ အင်္ဂလန်ကနေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာပြီးနောက် အနုပညာ လုပ်ငန်းကိုတဖက်တစ်လမ်းကနေ လုပ်ကိုင်ရင်း စီးပွားရေးလုပ်ငန်းတွေကိုပါ ချစ်ရတဲ့ အိမ်ထောင်ဖက်နဲ့အတူ ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဘဝကို အောက်ခြေကနေ အိမ်ထောင်ဖက်နဲ့ အတူ ခက်ခက်ခဲခဲ စတင်လာခဲ့ပြီး ချမ်းသာတဲ့ဘဝရောက်ရှိဖို့ အတူတူကြိုးစားခဲ့ရပုံတွေကိုလဲ အင်တာဗျူးတွေမှာ ပြန်လည်မျှဝေလေ့ရှိသူပါ။အမြဲပျော်ရွှင်စိတ်ချမ်းမြေ့စရာမိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလှူအတန်းဆိုလည်းလက်မနှေးဘဲ ဘာသာရေးမှာလည်း ထိပ်ဆုံးက ပါဝင်ကာ ဦးဆောင်လုပ်တတ်တဲ့မင်းသမီးတစ်လက်ပါ။

အမြဲ ပျော်ပျော်နေတတ်တဲ့ Smileကတော့ ဒီနေ့မှာ M2 World Championship မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့E-Sport မြန်မာကိုယ် စားပြု Burmese Ghouls အသင်းအတွက် ”ကိုယ်တွေအတွက်တော့ Winner ပါကလေးတို့ရေ။ မြန်မာပြည်ကြီးကနွေးထွေးစွာကြိုဆိုပါတယ်။ You are our winner #BurmeseGhouls keep your heads up high and be proud of being Myanmar! 🇲🇲”ဆိုတဲ့စာလေးနဲ့ 1 st Runner Upဆုနဲ့ ကျေနပ်ပိုင်ဆိုင်ခဲ့ရတဲ့ Burmese Ghouls အသင်းကို အားပေးစကားပြောကြားခဲ့တာပါ။ ​ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်….။

Source: Smile
Credit -CeleKhitThit