


Source ; Khin Hlwan Facebook Acc

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသားချော စည်ဖြိုးနဲ့ခင်လွှမ်းဟာဆိုရင် ပရိတ်သတ်အားပေးမှုကို အသီးသီးရရှိထား တဲ့သူတွေပဲဖြစ်ပါတယ်။ စည်ဖြိုးနဲ့ခင်လွှမ်းတို့ ချစ်စရာကောင်းတဲ့သမီးဦးရတနာလေး ကိန္နရီရွှေစည် ကို ဇွန်လ (၁၄) ရက်နေ့ကအောင်မြင်စွာနဲ့မွေးခဲ့တာ ပဲဖြစ် ပါ တယ်။ ဖြူဖွေးတုတ်ခဲပြီးချစ်စရာကောင်းလွန်းတဲ့သမီးလေးကို ဖေဖေစည်ဖြိုးကလက်ကမချနိုင်လောက်အောင်ချစ်မဝဖြစ်နေတာပဲဖြစ်ပါတယ်..။

သမီးဦးလေးခင်လွှမ်းကမွေးတဲ့တစ်ဦးတည်းသောမြေးဦးလေးကို နှစ်ဖက်ဖိုးဖိုးဖွားဖွားတွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ စည်ဖြိုးနဲ့ခင်လွှမ်းကို ချစ်ကြတဲ့ပ ရိတ်သတ်တွေရဲ့ ဆုတောင်းမေတ္တာတွေကြောင့် မိခင်ရောကလေးပါကျန်းကျန်းမာမာရှိနေကြတာပဲဖြစ်ပါတယ်..။

ဒီကနေ့မှာဆိုရင်လည်း ခင်လွှမ်းရဲ့ သမီးလေး Shandra လေးဟာ (၁) လပြည့်သွားပြီပဲဖြစ်ပါတယ်။ မေမေခင်လွှမ်းက “ Shandra လေး ၁လပြည့်ပါပြီ . ဒီလိုခေတ်အခါကြီးမှာ ကလေးတစ်ယောက်ကို ပြုစုရတာ ရင်တမမနဲ့ပါပဲ 😥 #Shandrainmyheart ” ဟုဆိုင်္ပြီး သမီးလေးရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေး တွေကို ပြသလာခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့သမီးငယ်လေး Shandra ရဲ့ပုံရိပ်လေးကို ချစ်ပရိတ်သတ်ကြီးအားတစ်ဆင့်ကူးယူ တင်ဆက်ပေးလိုက် ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms