


Credit – Cele Zone

Photo – Kyaw Soe Win

ချစ်လှစွာသော ပရိသတ်ကြီးရေ အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေပြီး ယနေ့ထိတိုင် ပရိတ်သတ်အားပေးမှုရရှိနေတဲ့ အကယ်ဒမီမင်းသားကြီး ခန့်စည်သူ ကိုသိကြမယ်ထင်ပါတယ်နော်။ သူကတော့ ပျော်ပျော်နေတတ်သူ တစ်ယောက်ဖြစ်ပြီး ဟာသဇာတ်ရုပ်ကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်…။

မင်းသား ခန့်စည်သူက အေးအေးချမ်းချမ်းနေတတ်တဲ့သူလည်းဖြစ်ပြီး အခုထိတိုင်လူပျိုကြီးဘဝနဲ့နေထိုင်နေတာပါနော်။ လတ်တလောမှာ ဆိုရင်လည်း စာနာစိတ်ဖြင့် လိုအပ်တဲ့ နေရောတွေမှာ အလှူအတန်းတွေ ဆက်တိုက် ပြုလုပ် လှူဒါန်းနေတာကိုလည်း လေးစားစွာ တွေ့ရပါတယ်…။

ဒါ့အပြင် အပတ်စဉ် သောကြာနေ့တိုင်းသန်လျင်သဘာဝတရားရိပ်သာက သံဃာတော်များကို ဆွမ်းခဲဖွယ်များ လှူဒါန်းလျက်ရှိပါတယ် ။ အခုလည်း အလှူပုံလေးတွေနဲ့ အတူ “ (၁၂-၁၁-၂၀၂၁) ယနေ့ တန်းဆွမ်း လှည့်လည် အလှူခံ၊အပူဇော်ခံ ကြွရောက်တော်မူပါသော သန်လျင်သဘာဝတရားရိပ်သာကြီးမှ ဦးစီးပဓာန နာယကဆရာတော် အရှင်ဥတ္တမသာရ(ပြည်တွင်း၊ပြည်ပသာသနာပြုဆရာတော်ကြီး) အား ဦးထိပ်ထား၍ သံဃာ့ဂုဏ်ကို ရည်မှန်းကာ ဆွမ်း၊ဆွမ်းဟင်းများ၊ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်၊ဆပ်ပြာ၊ဟင်းခတ်မှုန့်၊ငံပြာရည်၊ဟင်းသီးဟင်းရွက်များ၊အသီးအနှံများနှင့် နဝကမ္မ အလှူငွေတို့ကို အပတ်စဉ် လှူဒါန်းခဲ့ပါတယ်။လှူဒါန်းမှု အစုစုတို့အတွက် (၇)-ရက်သား၊သမီးအပေါင်းတို့ သာဓု ခေါ်ဆိုနိုင်ကြပါစေ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်… ။

Credit – Cele Zone

Photo – Kyaw Soe Win