ချစ်လှစွာသော ပရိတ်သတ်ကြီးရေ နိုင်ငံကျော်အဆိုတော်ကြီး ချစ်ကောင်းကတော့ စတူဒီယိုခေတ်သံစဉ်တွေနဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်ကောင်းရဲ့ သီချင်းတွေဟာ နှစ်တွေအတော်ကြာမြင့်ခဲ့ပြီဆိုပေမယ့် ဒီနေ့ဒီအချိန်ထိ ဟောင်းနွမ်းသွားခြင်းမရှိပဲ နားဆင်သူပရိသတ်တွေ စွဲလန်းနှစ်ခြိုက်စွာ နားဆင်နေကြဆဲပဲဖြစ်ပါတယ်။ ချစ်ကောင်းက နောက်ပိုင်းမှာတော့ သီချင်းသစ်တွေ ထပ်မံထွက်ရှိခြင်းမရှိတော့ပဲ ရှိုးပွဲတွေမှာသာ သီချင်းတွေဖျော်ဖြေပေးနေတာပဲဖြစ်ပါတယ်..။

အဆိုတော်ကြီးချစ်ကောင်းဟာ ပထမအိမ်ထောင်နဲ့ရရှိခဲ့တဲ့ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့ကို အဆိုတော်တွေအဖြစ် ဂီတလမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့သလို ဒုတိယအိမ်ထောင်နဲ့ သားသမီးတွေကိုလည်း အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချစ်ကောင်းက သူ့ရဲ့သားတွေ၊ သမီးတွေခေါ်ပြီး အားလပ်ရက်မှာ ဘုရားဖူး လည်ပတ်ခဲ့တဲ့ ပျော်စရာအမှတ်တရတွေကို အခုလိုပဲ မျှဝေပေးလာတာကိုတွေ့ရပါတယ်..။

ချစ်ကောင်းကတော့ ချစ်စရာကောင်းတဲ့ သားသမီးတွေနဲ့ ဘုရားဖူးလျှောက်လည်ရင်း အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်ကောင်းတို့မိသားစုလေးကိုကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Chit Kaung’s fb




Credit; Myanmar Celeberities