ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေချစ်ခဲ့ရတဲ့ ယွန်းယွန်းကတော့ အခုဆိုရင် အပျိုကြီးဖားဖားတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပါတယ်။ ယွန်းယွန်းက ပြီးခဲ့တဲ့လတွေက သရုပ်ဆောင်စည်သူဝင်းနဲ့ ဖောက်ပြန်ခဲ့တဲ့ ကိစ္စတို့ကြောင့် လူမှုကွန်ယက် စာမျက်နှာမှာ ပြင်ပြင်းထန်ထန်ဝေဖန်ခဲ့ရပြီး ယွန်းယွန်းကလည်း ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ရည်းစားရှိတဲ့စည်သူဝင်းနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကတော့ အခုအချိန်ထိ ပရိသတ်တွေက သတိရနေကြဆဲဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၁) ရက်နေ့ကတော့ ယွန်းယွန်းရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ယွန်းယွန်းက သူ့ရဲ့မွေးနေ့မှာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ရိုးရိုးရှင်းရှင်းသာဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ယွန်းယွန်းရဲ့မွေးနေ ့အမှတ်တရဓာတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်..။

ယွန်းယွန်းကတော့ မနှစ်ကမွေးနေ့မှာ Double Dating အဖွဲ့သားတွေနဲ့ အတူတူဖြတ်သန်းခဲ့သလို ဒီနှစ်မှာတော့ တစ်ယောက်တည်းဖြတ်သန်းခဲ့တာ ပရိသတ်ကြီးတွေ့ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြိးလည်း ယွန်းယွန်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးပြောခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Htay Htay Tin’s fb




Credit ; Myanmar Celebrities