ချစ်လှစွာသော ပရိသတ်ကြီးရေ အနုပညာလောကမှာ နှစ်တွေအများကြီး ကြာတဲ့အထိ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမကတော့ ချစ်ရတဲ့ မိသားစုလေးနဲ့အတူသာယာကြည်နူ းစရာကောင်းတဲ့ ဘဝလေး ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကို အားကျနေကြတာ ဖြစ်ပါတယ်..။
သူမတို့ မိသားစုလေးရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေ အမြဲ သိရှိနိုင်စေရန်အတွက် နန္ဒာလှိုင်ရဲ့ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က နန္ဒာလှိုင်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ယောက္ခခမဖြစ်သူ ပိုင်တဲ့ ဇေကမ္ဘာဝန်းထဲမှာ နန်းတော်ကြီးလို ခမ်းနားကျယ်ဝန်းလှသောအိမ်ကြီးတစ်လုံး တည်ဆောက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်..။
ဒီခြံလေးကိုတော့ ဦးခင်ရွှေမှ သားဖြစ်သူ ဇေသီဟတို့ မိသားစုအတွက် လက်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇေသီဟမှ နန္ဒာလှိုင်ရဲ့မောင်နှမတွေအတွက် ဇေကမ္ဘာဝန်းထဲမှာမြေကွက်တစ်ကွက်စီ ပေးထားပါသေးတယ်။ နန္ဒာလှိုင် ဖြစ်ချင်တဲ့ ဆန္ဒမှန်သမျှကို လိုက်ပြီးဖြည်းဆည်းပေးနေတဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့အတွက်လည်း နန္ဒာလှိုင်တစ်ယောက်အရမ်းကိုပျော်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နန္ဒာလှိုင် နဲ့ထပ်တူ ပျော်ပြီး ဝမ်းသာစကားလေး တစ်ခုခုလောက်ရေးပေးခဲ့ကြပါအုံးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလညး် သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Source: Nandar Hlaing
Credit ; Cele World