ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပိုင်တံခွန်ကတော့ (၅၀၅) ကနဲ့ စကစရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၇) ရက်နေ့မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပြီပဲဖြစ်ပါတယ်။ ပိုင်တံခွန်အတွက် ပရိသတ်တွေက စိတ်မကောင်းဝမ်းနည်းဖြစ်ကြသလို ပိုင်တံခွန်ရဲ့မိသားစုဝင်တွေနဲ့ သူ့ရဲ့ ချစ်သူကောင်မလေးတို့ကလည်း ပိုင်တံခွန်ပြန်လည်လွတ်မြောက်လာမယ့်နေ့ကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်..။

ဒီတစ်ခါမှာလည်း ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးက သူမတို့စုံတွဲအမြဲစားသောက်ဖူးတဲ့ ဆိုင်လေးကိုရောက်ခိုက် ပိုင်တံခွန်ကို သတိရနေကြောင်း “ သိပ်မဝေးတော့တဲ့ အချိန်မှာ မင်းလက်လေးကို ဆုပ်ကိုင်နိုင်ဖို့ ငါတကယ်ဆုတောင်းနေပါတယ်။ ငါဘယ်သွားသွားမင်းကိုသတိရတယ် Sweetheart လေးရေ ” ဟုဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြောလာပါတယ်..။

ပိုင်တံခွန်တို့ချစ်သူနှစ်ယောက်ကတော့ သူတို့တွဲနေကြောင်း ပရိသတ်ကိုတိမ်ချန်ထားခြင်းမရှိသလို သူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းသာ ချပြခဲ့တာပဲဖြစ်ပါတယ်။ ပိုင်တံခွန်တို့ချစ်သူနှစ်ယောက် အမြန်ဆုံးဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Lin Mya Pyu’s fb




Credit ; Myanmar Celebrities