ချစ်လှစွာသော ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ သားလေး အာကြီးရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ သူ့ရဲ့သားတွေသမီးတွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကလေးတွေရဲ့ ပုံလေးတွေကို မျှဝေလေ့ရှိပါတယ်..။

ပရိသတ်တွေကလည်း ချစ်စရာကောင်းလှတဲ့ ခိုင်နှင်းဝေရဲ့ သားသားမီးမီးတွေကို ကြည့်ပြီး အချစ်ပိုနေကြတာကြောင့် ကလေးတွေရဲ့ ပုံလေးတွေကို တင်ပေးဖို့ကို မျှော်လင့်နေတတ်ကြတာကြောင့် ခိုင်နှင်းဝေကလည်း အမြဲလိုလိုတင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေရဲ့ ကလေးတွေထဲက ပရိသတ်တွေရဲ့ အချစ်တော်ကြီးတစ်ယောက်ဖြစ်တဲ့ အာကြီးက မေမေခိုင်နှင်းဝေရဲ့ ဂေဟာက ထိုင်ခုံမှာခိုင်ပြီး ဇိမ်ကျနေတာကို အမိအရရိုက်ထားပြီး

အာကြီးရဲ့ ပရိသတ်တွေအတွက် “ ဥက္ကဌ ဆရာကြီး ” ဟုဆိုပြီး ခိုင်နှင်းဝေက ပုံလေးတွေကို တင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ သူ့ရဲ့ကလေးတွေ သူ့ရဲ့ရဟိတအလုပ်တွေကို ဆက်လက်အမွေဆက်ခံမယ့် သားကောင်းရတနာ၊ သမီးကောင်း ရတနာလေးတွေ ဖြစ်ပါစေ လို့လည်း ပုံလေးတွေနဲ့အတူ ဆုတောင်းထားခဲ့ပါသေးတယ်။ဖတ်ရှူ့ပေကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Khine Hnin Wai




Credit – CeleZone