ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ အဆိုတော်သားဂန်းနဲ့ ပြီးခဲ့တဲ့ နှစ်အတွင်းက လက်ထပ်ခဲ့ပြီးနောက် သာယာတဲ့အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက် ထားကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ အနုပညာမောင်နှံနှစ်ယောက်ကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲဖြစ်ပါတယ်..။

အခုဆိုရင် ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ ဘေဘီမောင်ဟာ ကိုယ်ဝန်ဆိပ်တက်တာကြောင့် သူမရဲ့ခန္ဓာကိုယ်နဲ့ စိတ်တို့ဟာလည်း ပြောင်းလဲလာကြောင်းကို “ တစ်ခါမှဝယ်မစားဘူးမကြိုက်တာတွေခုဘာစိတ်နဲ့စားနေတာလည်းမသိ 😫 ခေါက်ဆွဲသုတ်နဲ့ထမင်းဖြူစားတယ် ဌက်ပျောသီးတွေစ ားတယ် ဂေါ်ဖီကြော်နဲ့ထမင်းစားတယ် အဲဒါတွေကလောလောဆယ်စားကောင်းနေတာ ငါ့စိတ်ကြီးဘာဖြစ်နေတာလဲဟင် 😩 ” ဟုဆိုပြီး ပြောပြလာပါတယ်..။

ဘေဘီမောင်ကတော့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်နေရတဲ့ မိခင်တစ်ယောက်ပီပီ အစားစားတာနဲ့ ပတ်သက်ပြီး တစ်သက်နဲ့တစ်ကိုယ်မကြုံဖူးတာတွေ ကြုံနေရကြောင်း အံ့သြတကြီးဖြစ်နေတာပဲဖြစ်ပါတယ်။ ဘေဘီမောင်ရဲ့ ရင်သွေးလေးကတော့ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာမှာ အသေအချာပါပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Thandar Zaw’s fb




Credit ; Myanmar Celebrities