ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် စုလင်းရှိန်ကတော့ “ မာယာလှည့်ကွက် ” ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်နေဆဲအချိန်မှာပဲ အာဏာသိမ်းမှုဖြစ်လာခဲ့တာကြောင့် ဗိုလ်ချုပ်တ်ယောက်ရဲ့ တူမရင်းဖြစ်သူ စုလင်းရှိန်ဟာ လည်း ပရိသတ်တွေရဲ့ မုန်းတီးခြင်းကိုခံခဲ့ ရတာပဲဖြစ်ပါတယ်..။

အဲ့ဒါကြောင့်လည်း စုလင်းရှိန်ပါဝင်သရုပ်ဆောင်ထားတဲ့ “ စေတလုံးမောင်ဘုန်း ” ဇာတ်လမ်းတွဲဟာလည်း အချို့သောပရိသတ်တွေရဲ့ Boycott လုပ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စုလင်းရှိန်က “ စေတလုံးမောင်ဘုန်း ” ဇာတ်သိမ်းပိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကို မေးခွန်း ထုတ်လာခဲ့ပါတယ်..။

စုလင်းရှိန်က “ ဇာတ်သိမ်းလေးကို ကျေနပ်ကြရဲ့လား 😢😭 ” ဟုဆိုပြီး သူမခေတ္တာအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်သိမ်းပိုင်းလေးကို ပရိသတ်တွေအနေနဲ့ ကျေနပ်မှုရှိရဲ့လားဆိုပြီး မေးလာတာပဲဖြစ်ပါတယ်။ စုလင်းရှိန်ကတော့ ပရိသတ်တွေရဲ့ အားပေးခြင်းမခံရပေမယ့် “ စေတလုံးမောင်ဘုန်း ” ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိမရှိမေးလာခဲ့ တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရော စုလင်းရှိန်ရဲ့မေးခွန်းလေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားလဲပြောပြပေးခဲ့ပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Su Lin Shein – စုလင်းရှိန်’s fb




Credit ; Myanmar Celebrities