ချစ်လှစွာသော ပရိသတ်ကြီးရေ မင်းသားချောနေတိုးကတော့ အနုပညာနယ်ပယ်မှာစွယ်စုံရမင်းသားတစ်လက်ဖြစ်ပြီး အောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့အတွက်လည်း အကယ်ဒမီထူးချွန်ဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ နေတိုးဟာဆိုရင် ယခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအေ နတွေမှာဆိုရင်လည်း တော်လှန်ရေးအစပိုင်းမှာတော့ ပြည်သူလူထုနဲ့အတူ အစပိုင်းမှာတော့ ပါဝင်ရပ်တည်ခဲ့ပါသေးတယ်..။

မင်းသားချောကိုနေတိုးကတော့ အခုချိန်ထိတိုင်လူပျိုကြီးဖြစ်ပြီး သူရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး သိုသိုသိပ်သိပ်နေတတ်တဲ့သူတစ်ယောက်ပါ။ ဒီတစ်ခါမှာဆိုရင်တော့ဒီကနေ့ဖေဖော်ဝါရီလ ၅ ရက်နေ့မှာသရုပ်ဆောင်နေတိုးတို့ရဲ့ကြည်နူးစရာမင်္ဂလာဦးဆွမ်းကျွေးဓာတ်ပုံလေးများဖြင့် ပရိတ်သတ်ကို တရားဝင်ချပြလာခဲ့တာပဲဖြစ်ပါတယ်..။

အရမ်းကိုလိုက်ဖက်လွန်းလှတဲ့ နေတိုးတို့ဇနီးမောင်နှံရဲ့ရွှေလက်တွဲခဲ့ကြတဲ့ ပုံရိပ်လေးတွေကို အခုလိုပဲတစ်ဆင်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ လူပျိုကြီးကိုနေတိုးတစ်ယောက် တကယ်ကိုစွန်သွားပါပြီ ပရိတ်သတ်ကြီးလည်း နေတိုး အတွက်ဂုဏ်ပြုစကားလေးပြောသွားပေးကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

zawgyi




Credit