ချစ်လှစွာသော ပရိတ်သတ်ကြီးရေ နိုင်ငံကျော်လူရွှင်တော်ကြီးတစ်ယောက်ဖြစ်တဲ့ ကောင်းကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကောင်းကျော်က စကားပြောပွင့်လင်းသူတစ်ယောက်ဖြစ်ပြီး သူပြောချင်တာမှန်သမျှကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတစ်ယောက် လည်းဖြစ်ပါတယ်..။

ဒီကနေ့မှာတော့ ကောင်းကျော်က မင်းသားနေတိုးရဲ့ မင်္ဂလာဆောင်သတင်းတွေကိုသာ စိတ်ဝင်စားနေကြသူတွေကို အခုလိုပဲပြောလာပါတယ်။ကောင်းကျော်က “ အရေးကြီးတဲ့ မဂ်လာဆောင်သတင်းလေးကို ဖုန်းသွားမှာ စိုးရိမ်လို့ နိုင်ငံရေးသတင်းတွေ မတင်ကြပါနဲ့ဦးဟ 😂😂😂😂😂😂😂 ” ဟုဆိုပြီး တိုင်းရေးပြည်ရေးထက် နေတိုးမင်္ဂလာဆောင်တဲ့သတင်းက ပိုပြီးဂယက်ထနေကြောင်း ခနဲ့တဲ့တဲ့ပြောလာတာပဲဖြစ်ပါတယ်..။

ကောင်းကျော်ပြောသလို ပဲ တိုင်းရေးပြည်ရေးမှာ ဆင်းရဲဒုက္ခတွေရောက်နေပေမယ့် နိုင်ငံရေးထက် နေတိုးမင်္ဂလာဆောင်တဲ့သတင်းက ပိုပြီးဂယက်ထနေတာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: U Kaung Kyaw ‘s fb




Credit ; Myanmar Celebrities