ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့် ဟာဆိုရင် ပီပြင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့အချစ်တော် ချစ်သက်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်..။

ရုပ်ရှင်တွေရိုက်နေသလို အိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့် က အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅ (က) နဲ့အမှုဖွင့်အရေးယူခံခဲ့ရပါသေးတယ်။ သို့သော်လည်း ပရိတ်သတ်တွေရဲ့မေတ္တာပို့သမှုကြောင့် ပုဒ်မ၅၀၅ (က) ကနေ အမှုရုပ်သိမ်းခံခဲ့ရတာတဲ့အတွက် သက်မွန်ကိုချစ်တဲ့ပရိတ်သတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်..။

ဒီကနေ့မှာတော့ ထိပ်တန်းမင်းသားတလက်ဖြစ်တဲ့ နေတိုးရဲ့ မင်္ဂလာဆောင်ကို ဇနီးမောင်နှံနှစ်ယောက်တက်ရောက်ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ သူရဲ့ မင်္ဂလာပွဲလေးကို ချစ်ခင်တဲ့အျခားသော အနုပညာရှင် မောင်နှမ များစွာ တက်ရောက် ချီးမြှင့် ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

zawgyi




Credit