ချစ်လှစွာသော ပရိတ်သတ်ကြီးရေ လူငယ်တိုင်းလိုလို ကြိုက်နှစ်သက်အားပေးကြတဲ့ အဆိုတော် G Fatt ကတော့ အမိုက်စား Rap သီချင်းတွေကို သီဆိုသူတစ်ယောက်ပါပဲ။ ပရိသတ်အားပေးမှုကို ရရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း အောင်မြင်ကျော်ကြားတဲ့ G Fatt ဟာ ရှိုးပွဲတွေလက်မလည်အောင်သီဆိုနေရချိန် သီချင်းသစ်တွေထုတ်လို့ကောင်းဆဲအချိန်မှာတင် ကပ်ရောဂါတွေနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt ဟာ သီချင်းသစ်တွေကို ပြန်လည်ဖန်တီ းချင်နေပြီဆိုတဲ့အကြောင်းကို ပြောလာပါတယ်။ “ ၆နှစ်ရှိတောင်ရှိခဲ့ပြီ ။

လွန်ခဲ့တဲ့ ၆နှစ် ဒီလိုလမှာ ပထဆုံးအခွေအတွက် အလုပ်တွေရှုပ်နေခဲ့ပေါ့ ။ လာမယ့် ၂၁ ရက်နေ့ဆို ဂျင်အခွေထွက်ခဲ့တာ ၆ နှစ်ပြည့်ပါပြီ ။ သီချင်းဆိုတာကလွဲဘာမှ မလုပ်ချင်ခဲ့တဲ့ချာတိတ်ကို သီချင်းဆိုတာကလွဲ ဘာမှလုပ်စရာမလိုအောင် လောကကြီးကတွန်းပို့ခဲ့ပေါ့။ နဂိုတည်းကပြည့်စုံတဲ့ဘဝက လာခဲ့တာမဟုတ်တဲ့အတွက် အတန်အသင့် မိသားစုကိုလုပ်ကျွေးနိုင်တာကလွဲ ဘာမှမပိုခဲ့ပါဘူး ။ သီချင်းဆိုတာကလွဲလို့တခြားစီးပွါးရေးလဲ မလုပ်နိုင်ခဲ့ဘူး။ ဒီကာလတွေမှာလဲ ကိုယ်နိုင်သလောက် ဝန်ကို လိပ်ပြာလုံစွာ ကိုယ်ထမ်းခဲ့ပါတယ် ။ တတိယမြောက် Album စလုပ်ချင်နေတယ်..။

သီချင်းအသစ်စက်စက်တစ်ပုဒ်လဲထုတ်ချင်နေတယ် ။ အရင်တည်းက ကျွန်တော်တို့ဘယ်အခွေထုတ်ထုတ် ဘယ်သီချင်းထုတ်ထုတ် ဖျော်ဖြေရေးပွဲတွေက ရတဲ့ဝင်ငွေနဲ့ပဲရပ်တည်ကြရတာပါပဲ။ ၂ နှစ်ရှိပြီ ဘာဝင်ငွေမှမရှိပဲ မိသားစုကိုရပ်တည်နိုင်အောင် မနည်း handle လုပ်နေရတယ် (ကိုယ့်အခက်အခဲကိုယ်ပဲသိလို့ အများကြီးမပြောလိုပါဘူး)။ အဲ့လိုပြောလို့ ဘယ်ဖျော်ဖြေရေးပွဲမှ ဆိုဖို့ လဲ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့်သီချင်းအသစ်တော့ ထုတ်ချင်မိတယ်။ ဒီလောက်ပါပဲ။ ပရိတ်သတ်အားလုံးကို သတိတရ လွမ်းရပါတယ်။ ” ဟုဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ G Fatt ကတော့ သီချင်းဆိုတာကို ဝါသနာပါသူတစ်ယောက်ပီပီ သီချင်းဆိုတာပဲလုပ်တတ်ပြီး အခြားသောအလုပ်တွေလည်း မလုပ်နိုင်ခဲ့တာမို့ ဒီ (၂) နှစ်တာကာလမှာ မိသားစုရပ်တည်နိုင်အောင် မနည်းကြိုးစားရုန်းကန်နေရကြောင်း ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိ်ုက်ပါတယ်နော်..။

Source: G Fatt’s fb

ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ လူငယ္တိုင္းလိုလို ႀကိဳက္ႏွစ္သက္အားေပးၾကတဲ့ အဆိုေတာ္ G Fatt ကေတာ့ အမိုက္စား Rap သီခ်င္းေတြကို သီဆိုသူတစ္ေယာက္ပါပဲ။ ပရိသတ္အားေပးမႈကို ရရွိသလို တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔လည္း ေအာင္ျမင္ေက်ာ္ၾကားတဲ့ G Fatt ဟာ ရွိုးပြဲေတြလက္မလည္ေအာင္သီဆိုေနရခ်ိန္ သီခ်င္းသစ္ေတြထုတ္လို႔ေကာင္းဆဲအခ်ိန္မွာတင္ ကပ္ေရာဂါေတြနဲ႔ နိုင္ငံေရးျပႆနာေတြေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြ လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ G Fatt ဟာ သီခ်င္းသစ္ေတြကို ျပန္လည္ဖန္တီ းခ်င္ေနၿပီဆိုတဲ့အေၾကာင္းကို ေျပာလာပါတယ္။ “ ၆ႏွစ္ရွိေတာင္ရွိခဲ့ၿပီ ။

လြန္ခဲ့တဲ့ ၆ႏွစ္ ဒီလိုလမွာ ပထဆုံးအေခြအတြက္ အလုပ္ေတြရႈပ္ေနခဲ့ေပါ့ ။ လာမယ့္ ၂၁ ရက္ေန႔ဆို ဂ်င္အေခြထြက္ခဲ့တာ ၆ ႏွစ္ျပည့္ပါၿပီ ။ သီခ်င္းဆိုတာကလြဲဘာမွ မလုပ္ခ်င္ခဲ့တဲ့ခ်ာတိတ္ကို သီခ်င္းဆိုတာကလြဲ ဘာမွလုပ္စရာမလိုေအာင္ ေလာကႀကီးကတြန္းပို႔ခဲ့ေပါ့။ နဂိုတည္းကျပည့္စုံတဲ့ဘဝက လာခဲ့တာမဟုတ္တဲ့အတြက္ အတန္အသင့္ မိသားစုကိုလုပ္ေကၽြးနိုင္တာကလြဲ ဘာမွမပိုခဲ့ပါဘူး ။ သီခ်င္းဆိုတာကလြဲလို႔တျခားစီးပြါးေရးလဲ မလုပ္နိုင္ခဲ့ဘူး။ ဒီကာလေတြမွာလဲ ကိုယ္နိုင္သေလာက္ ဝန္ကို လိပ္ျပာလုံစြာ ကိုယ္ထမ္းခဲ့ပါတယ္ ။ တတိယေျမာက္ Album စလုပ္ခ်င္ေနတယ္..။

သီခ်င္းအသစ္စက္စက္တစ္ပုဒ္လဲထုတ္ခ်င္ေနတယ္ ။ အရင္တည္းက ကၽြန္ေတာ္တို႔ဘယ္အေခြထုတ္ထုတ္ ဘယ္သီခ်င္းထုတ္ထုတ္ ေဖ်ာ္ေျဖေရးပြဲေတြက ရတဲ့ဝင္ေငြနဲ႔ပဲရပ္တည္ၾကရတာပါပဲ။ ၂ ႏွစ္ရွိၿပီ ဘာဝင္ေငြမွမရွိပဲ မိသားစုကိုရပ္တည္နိုင္ေအာင္ မနည္း handle လုပ္ေနရတယ္ (ကိုယ့္အခက္အခဲကိုယ္ပဲသိလို႔ အမ်ားႀကီးမေျပာလိုပါဘူး)။ အဲ့လိုေျပာလို႔ ဘယ္ေဖ်ာ္ေျဖေရးပြဲမွ ဆိုဖို႔ လဲ အစီအစဥ္မရွိပါဘူး။ ဒါေပမယ့္သီခ်င္းအသစ္ေတာ့ ထုတ္ခ်င္မိတယ္။ ဒီေလာက္ပါပဲ။ ပရိတ္သတ္အားလုံးကို သတိတရ လြမ္းရပါတယ္။ ” ဟုဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။ G Fatt ကေတာ့ သီခ်င္းဆိုတာကို ဝါသနာပါသူတစ္ေယာက္ပီပီ သီခ်င္းဆိုတာပဲလုပ္တတ္ၿပီး အျခားေသာအလုပ္ေတြလည္း မလုပ္နိုင္ခဲ့တာမို႔ ဒီ (၂) ႏွစ္တာကာလမွာ မိသားစုရပ္တည္နိုင္ေအာင္ မနည္းႀကိဳးစား႐ုန္းကန္ေနရေၾကာင္း ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိ္ုက္ပါတယ္ေနာ္..။

Credit ; Myanmar Celebrities