ချစ်လှစွာသော ပရိတ်သတ်ကြီးရေ နာမည်ကြီး မော်ဒယ် တစ်ယောက်ဖြစ်တဲ့ ဇာဇာထက်ကတော့ လက်ရှိမှာ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇာဇာထက်ဟာ Myanmar Idol အဆိုတော် နေလင်းကျော်နဲ့ (၂၀၁၆) ခုနှစ်ကတည်းက လက်ထပ်ထားခဲ့ကြပြီး ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာတော့ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ကြတာပဲဖြစ်ပါတယ်..။

ဒီကနေ့မှာတော့ ဇာဇာထက်က ခင်ပွန်းဟောင်းနေလင်းကျော်နဲ့ ပက်တ်သက်ပြီး နှောင့်ယှက်စွပ်စွဲမှုတွေရှိလာတာကြောင့် သတင်းစာထဲမှာ မသက်ဆိုင်တော့ကြောင်း အသိပေးခဲ့ကြောင်း ပြောလာတာကိုတွေ့ရပါတယ်။ “ နိုင်ငံရေးခေတ်မကောင်းချိန်မှာ မပြီးနိုင်ပဲခဏခဏ တင်တယ်မထင်ပါနဲ့ရှင့် 🙏 အခုချိန်မှာကိုယ့်ဘဝနဲ့ ကိုယ်ဖြစ်နေပြီမို့ ကျွန်မရဲ့သိက္ခာအတွက် တစ်ဖက်သတ်ပြောဆိုခြင်းများအား ကျွန်မဘက်မှ မည်သည့်အကြောင်းပြချက်နှင့်မျှ လက်ခံမည်မဟုတ်သလိုသည်းခံမည်မဟုတ်ပါရှင့်..။

ကျွန်မတို့ကွာရှင်းပြီးသည့်နောက်ပိုင်း မည့်သည့်ကိစ္စနဲ့မှ သက်ဆိုင်တော့ခြင်းမရှိသည့်အတွက်ကြောင့် ကျွန်မနှင့်ဆိုင်ပါသည်ဟုအတင်းစွပ်စွဲပြောဆိုကာ (၁) ရက်နေ့မနက်ပိုင်းမှစတင်ကာ အမျိုးသမီးတစ်ယောက်မှကျွန်မ မန်နေဂျာအား ဖုန်းနံပါတ်မျိုးစုံနှင့်နှောက်ယှက်ကာ ကျွန်မဖုန်းနံပါတ်တောင်းခြင်း ကျွန်မရဲ့မက်စင်ဂျာများအား ခြိမ်းခြောက်ခြင်းဆန်ဆန်စာများပို့ခြင်းနှင့် ကျွန်မနှင့်ရင်းနှီးသော မိတ်ဆွေတချို့အားမက်စင်ဂျာမှစာပို့ခြင်းများပြုလုပ်တာ တစ်ပတ်နီးပါးရှိလာပြီးဖြစ်သောကြောင့် ကျွန်မ အနေနှင့်များစွာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်”..။

” ထို့အတွက်ကြောင့် ကွာရှင်းနောက်ပိုင်း ဖြစ်ပေါ်လာသည့်ကိစ္စရပ်အဝဝ များသည် ကျွန်မနှင့်သွယ်ဝိုက်၍သော်လည်းကောင်း တိုက်ရိုက်သော်လည်းပတ်သတ်ခြင်း အလျဉ်းမရှိကြောင်း အများသိစေရန် ထပ်မံကြေငြာအပ်ပါသည်ရှင့် 🙏 ထပ်မံ၍ ကျွန်မနှင့်မဆိုင်တော့သည့်ကိစ္စများထဲတွင် ကျွန်မကိုဆွဲထည့်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားပါမည် PS-စုံစမ်းမေးမြန်းခြင်းသည်းခံပါ ” ဟုဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေလည်း အသိပေးလာခဲ့ပါတယ်။ ဇာဇာထက်နဲ့ နေလင်းကျော်တို့ကတော့ နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် အခုလို နှောက်ယှက်စွပ်စွဲမှုတွေရှိလာတာကြောင့် ဇာဇာထက်က နိုင်ငံပိုင်သတင်းစာကနေတဆင့် မသက်ဆိုင်တော့ကြောင်း အသိပေးကြေငြာခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Zenith Zar Zar Htet ‘s fb





Credit ; Myanmar Celebrities