ချစ်လှစွာသော ပရိတ်သတ်ကြီးရေ Myanmar Idol အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရဲနောင်ကိုတော့ တစ်နိုင်ငံလုံးကပရိသတ်တွေမသိတဲ့လူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ရဲနောင်က ပြီးခဲ့တဲ့ မေလအတွင်းကပဲ သူ့ရဲ့ချစ်သူနဲ့ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် သာယာတဲ့အိမ်ထောင်တစ်ခုကို တည်ထောင်ထားပြီပဲဖြစ်ပါတယ်။ ရင်သွေးရတနာမရရှိသေးတဲ့ ရဲနောင်တို့ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက် အချစ်ပိုရင်း ဂရုစိုက်နေကြတာပဲဖြစ်ပါ တယ်..။
ဖေဖော်ဝါရီလ (၇) ရက်နေ့က ရဲနောင်ရဲ့ဇနီးချောလေး မွေးနေ့လေးပဲဖြစ်ပါတယ်။ ရဲနောင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ “ မွေးနေ့မှာပျော်ရွှင်ပါစေ ချစ်လှစွာသော ငါ့မိန်းမရေ 🎂 မွေးနေ့လက်ဆောင်ကတော့ လေးလပိုင်းမှ ယူတော့နော် . . 🏠 ” ဟုဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ကာ ဇနီးလေးအတွက် မွေးနေ့လက်ဆောင် အိမ်လေးတစ်လုံးလက်ဆောင်ပေးမယ့်အကြောင်း အရိပ်အမြွတ်ပေးလာခဲ့ပါ တယ်..။
ရဲနောင်ကတော့ သူ့အပေါ် အရမ်းချစ်ပြီး ကောင်းတူဆိုးဘက်အတူတူမျှဝေခံစားပေးတဲ့ ချစ်ဇနီးချောလေးအတွက် တန်ဖိုးကြီးလက်ဆောင်ပေးဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ro တတ်လွန်းတဲ့ ရဲနောင်တို့ဇနီးမောင်နှံကိုကြည့်ပြီး အားကျနေလောက်ပြီထင်ပါ တယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိ်ုက်ပါတယ်နော်..။
Source: Ye Naung’s fb
Credit myanmar celebrities