ချစ်လှစွာသော ပရိတ်သတ်ကြီးရေ လူရွှင်တော်၊ သရုပ်ဆောင်ကြီး မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူ နွေးနွေးချစ်ဖွယ်က ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းနေတဲ့ နွေးနွေးချစ်ဖွယ်ဟာ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တာမို့ အနုပညာလောကသားအားလုံးကချစ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နွေးနွေးချစ်ဖွယ်က ဖခင်ဦးချစ်ဖွယ်ရဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဒုတိယဇနီးကိုအကြောင်းပြ လိမ်လည်နေသူတွေအကြောင်းဖြေရှင်း လာတာကိုတွေ့ရပါတယ်..။

“ အရှုပ်ထဲတွင်ရှင်းအောင်နေပါသည်။ မြို့တော်ချစ်ဖွယ် ၏ ပထမဇနီး မှ အေးအေးနွယ် ဌင်းတို့တွင် တစ်ဦးတည်းသောသမီး နွေးနွေးချစ်ဖွယ် တစ်ယောက်ပဲ သားသမီးထွန်းကားခဲ့ပါသည်။ ယခုတွင် အတူပြန်နေထိုင်နိုင်ဖို့ ကျွန်မကြိုးစားနေပါသည် မအောင်မြင်သေးပါ။ မြင့်မြင့်စိန် မှ ဖခင်၏ ဒုတိယဇနီး ဖြစ်ပါသည်။ ကွယ်လွန်သွားသည်မှာ ၁ နှစ်နီးပါးရှိပါပြီ မြေချရာတွင်လဲ ကျွန်မကိုယ်တိုင်ကိုယ်ကျ လိုက်ပါဆောင်ရွတ်ပေးခဲ့သူပါ။ ယခု ဖခင်၏နာမည် အလွဲသုံးစားလုပ်၍ မြို့တော်ချစ်ဖွယ်၏ဇနီးပါဆို၍ ဘယ်က မြင့်မြင့်စိန်မှန်းမသိ ဘွားတော်တပါး မြေများ လိုက်လိမ်စားနေပါသည်..။

တရားလဲ မစွဲပါ အသက်ကြီးနေတော့ သနားလို့ပါ။ မိတ်ဆွေများ စိတ်ပူ၍ လာမေးပါသဖြင့် မပြောပြချင်ပဲ ပြောပြရပါသည်။ ထပ်ပြီးအသေး စိတ်သိချင်ရင် ကျွန်မ မန်နေဂျာသို့ တိုက်ရိုက် ဒဲ့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ မော လတ် ထှာ 🤣 ” ဟုဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ နွေးနွေးချစ်ဖွယ်ကတော့ ဖခင်ဦးချစ်ဖွယ်ရဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဒုတိယဇနီးကိုအကြောင်းပြ လိမ်လည်နေသူတွေအကြောင်းကိုဖြေရှင်းလာပြီး အသေးစိတ်သိချင်ရင် သူမရဲ့မန်နေဂျာကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ ပြောလာတာပဲဖြစ် ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Nway Nway Chit Phwel ‘s fb




Credit; Myanmar Celebrities