ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံ အားပေးခြင်းကို ရရှိထားတဲ့ လူငယ် အဆိုတော် အုပ်စိုးခန့်က အသံချိုချိုလေးနဲ့ သီချင်းကောင်းေ လးတွေကို သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ်အတွင်းက “ အိပ်မက်တွေမိုးထားတဲ့အိမ် ” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်..။
အုပ်စိုးခန့်ကတော့ အခုဆိုရင် အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဆိုပေမယ့် အနုပညာလောကမှာ အောင်မြင်တဲ့နေရာ တစ်နေရာကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကို တစ်ရှိန်ထိုးရရှိနေပြီဖြစ်တဲ့ အုပ်စိုးခန့်ဟာ အခုဆိုရင် အိမ်နီးချင်းနိုင်ငံက ပရိသတ်တွေရဲ့ သတိထားမှုကိုလည်း တစ်စထက်တစ်စ ရရှိနေပြီပဲဖြစ်ပါတယ်..။
ဒီတစ်ခါမှာလည်း အုပ်စိုးခန့်က သူ့ကို ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံက ပရိသတ်တွေက စိတ်ဝင်တစားရှိပြီး Twitter စာမျက်နှာတွေမှာ သူ့ရဲ့အကြောင်းတွေဖော်ပြနေကြကြောင်းကို ပြသလာပါတယ်။ အုပ်စိုးခန့်ကတော့ အသက်နှစ်ဆယ်တောင်မပြည့်သေးပေမယ့် သူ့ရဲ့ဆန်းကြောင့် ပြည်တွင်းမှာသာမကပဲ ပြည်ပနိုင်ငံတွေထိ အောင်မြင်နေ တာပဲဖြစ်ပါတယ်။ အုပ်စိုးခန့် တစ်ယောက် ဒီထက်မကအောင်မြင်ကျော်ကြားမှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိ်ုငဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Source: OakSoe Khant ‘s fb
Credit; Myanmar Celebrities