ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဖွေးဖွေးကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ သူမဘဝရဲ့ အမှောင်မိုက်ဆုံးဆိုတဲ့ အချိန်တွေကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ (၅၀၅) က နဲ့ အမှုဖွင့်ခံခဲ့ရသလို အချစ်ရဆုံး ကျေးဇူးရှင် ဖခင်ကိုလည်း ဆုံးရှုံးခဲ့ရတာမို့ ဖွေးဖွေးဟာ အဆိုးဆုံးဆိုတဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖွေးဖွေးက အနုပညာအလုပ်တွေကို လုံးဝရပ်နားထားပြီး စိတ်ရောလူပါ အနားပေးနေလျက်ရှိတာပဲဖြစ်ပါတယ်..။

ဖခင်ကြီးကိုဆုံးရှုံးခဲ့ပြီးနောက် ဖခင်ကိုသတိရတဲ့အကြောင်းတွေ မကြာခဏဆိုသလို ရေးသားတတ်တဲ့ ဖွေးဖွေးက “ အဖေ့ ❤️ ရဲ့ ဘယ်မှာမှ မရနိုင်တော့တဲ့ ဖွေးအကြိုက်ဆုံး ကြာဇံချက် ❤️✨ သမီး က ရူတင်ကလူတွေကို ကျွေးချင်တယ် ဆိုတာနဲ့ ထချက်ပေးနေတုန်းကပေါ့.. Until we meet again Dad… :’) ” ဟုဆိုပြီး ရှုတင်ကအဖွဲ့သားတွေကိုပါ စေတနာထားဂရုစိုက်တတ်တဲ့ ဖေဖေ့အကြောင်းကို ပြောပြလာပါတယ်..။

ဖွေးဖွေးကတော့ သူမအပေါ်မှာ တန်ဖိုးထားချစ်ပေးပြီး သူမကိုအပြည့်အဝ Suportting ပေးတဲ့ မိသားစုကောင်းကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ဖခင်ကြီးလည်း အခုဆိုရင် ကောင်းမွန်တဲ့ဘုံဘဝမှာ အေးချမ်းစွာရှိနေလောက်ပြီထင်ပါ တယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Phway Phway’s fb

ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္ ေဖြးေဖြးကေတာ့ ၿပီးခဲ့တဲ့ (၂၀၂၁) ခုႏွစ္မွာ သူမဘဝရဲ့ အေမွာင္မိုက္ဆုံးဆိုတဲ့ အခ်ိန္ေတြကိုျဖတ္သန္းခဲ့ရတာျဖစ္ပါတယ္။ (၅၀၅) က နဲ႔ အမႈဖြင့္ခံခဲ့ရသလို အခ်စ္ရဆုံး ေက်းဇူးရွင္ ဖခင္ကိုလည္း ဆုံးရႈံးခဲ့ရတာမို႔ ေဖြးေဖြးဟာ အဆိုးဆုံးဆိုတဲ့ကိစၥေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပဲျဖစ္ပါတယ္။ လက္ရွိမွာလည္း ေဖြးေဖြးက အႏုပညာအလုပ္ေတြကို လုံးဝရပ္နားထားၿပီး စိတ္ေရာလူပါ အနားေပးေနလ်က္ရွိတာပဲျဖစ္ပါတယ္..။

ဖခင္ႀကီးကိုဆုံးရႈံးခဲ့ၿပီးေနာက္ ဖခင္ကိုသတိရတဲ့အေၾကာင္းေတြ မၾကာခဏဆိုသလို ေရးသားတတ္တဲ့ ေဖြးေဖြးက “ အေဖ့ ❤️ ရဲ့ ဘယ္မွာမွ မရနိုင္ေတာ့တဲ့ ေဖြးအႀကိဳက္ဆုံး ၾကာဇံခ်က္ ❤️✨ သမီး က ႐ူတင္ကလူေတြကို ေကၽြးခ်င္တယ္ ဆိုတာနဲ႔ ထခ်က္ေပးေနတုန္းကေပါ့.. Until we meet again Dad… :’) ” ဟုဆိုၿပီး ရႈတင္ကအဖြဲ႕သားေတြကိုပါ ေစတနာထားဂ႐ုစိုက္တတ္တဲ့ ေဖေဖ့အေၾကာင္းကို ေျပာျပလာပါတယ္..။

ေဖြးေဖြးကေတာ့ သူမအေပၚမွာ တန္ဖိုးထားခ်စ္ေပးၿပီး သူမကိုအျပည့္အဝ Suportting ေပးတဲ့ မိသားစုေကာင္းကို ပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။ ေဖြးေဖြးရဲ့ဖခင္ႀကီးလည္း အခုဆိုရင္ ေကာင္းမြန္တဲ့ဘုံဘဝမွာ ေအးခ်မ္းစြာရွိေနေလာက္ၿပီထင္ပါ တယ္ေနာ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Credit: myanmar celebrities