ချစ်လှစွာသော ပရိသတ်​ကြီးရေ အဆိုတော်ရေမွန်ကတော့ ​​ယောကျာ်းလေးပရိသတ်တွေ အသည်းအသန်အားပေးခဲ့ရတဲ့အဆိုတော်တစ်ဦးပါ။ မိန်းကလေးပရိသတ်အများစုကလည်း အားပေးလျက်ရှိခဲ့တဲ့အပြင် နိုင်ငံကျော်အဆိုတော် ခင်မြတ်မွန်ရဲ့ သားလည်းဖြစ် ပါတယ်..။

အခုဆိုရေမွန်ဆုံပါးသွားခဲ့တာ ၇ လကျော်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစု နဲ့ပရိသတ်တွေကတော့အမြဲ သတိတရနဲ့လွမ်းဆွတ်လျက်ရှိတာပါ။ လက်ရှိမှာလည်း ” မနက်စောစော ဟိုဝင်ဒီထွက်နဲ့ City mart မှာတွတ်ပီနဲ့တွေ့ခဲ့တယ် Hello Good Morning My Son..အသဲတုံးလေး..🥰💕🌹 ခဏလေးဘဲမြင်လိုက်ရုံနဲ့ ရင်ထဲအေးချမ်းသွားလိုက်တာ.. ” လို့ဆိုတဲ့စာလေးနဲ့အတူ ရေမွန်ရဲ့ ကြော်ငြာ ပို့စတာလေးကို မြင်တွေ့ခဲ့ရကြောင်းပြောပြခဲ့တာပါ..။

သားတစ်ယောက်ထဲရှိ​တာကြောင့် ချစ်ရတဲ့သားလေးကို ဆုံးရှုံးခဲ့ရတဲ့ မိခင်အတွက်ကတော့ သားဖြစ်သူရဲ့ အရိပ်အယောင်လေးကို မြင်ရရင်တောင်ကျေနပ်မိတာအမှန်ပါပဲ။ ပရိသတ်တွေလည်း ရေမွန်ကိုသတိရနေကြတယ်ဆိုရင် တစ်ခုခုမှတ်ချက်ပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source- KhinMyatMon




Credit- CeleGabar