ချစ်လှစွာသော ပရိတ်သတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေ ပရိသတ်တွေသတိထားမိပြီးချစ်လာတာကတော့ မြတ်သူသူပဲဖြစ်ပါတယ်။ သူမကတော့တက်သစ်စမင်းသမီးတစ်​ယောက်ဖြစ်ပေမယ့်လည်း အနုပညာအပေါ် ကြိုးစားတဲ့စိတ်လေးတွေကြောင့် ပရိသတ်အားပေးမှုကိုအချိန်ခဏလေးရရှိအောင်မြင်လာတာပါ။ စိတ်ထားဖြူစင်တာတွေကြောင့် လည်းပိုပြီး အောင်မြင်လာတာပါ..။

သူမရဲ့ လူမှုကွန်ရက်မှာလည်း အားပေးသူပရိသတ်တွေကအများအပြားတိုးလာတာပါ။ လူမှုကွန်ရက်ကနေလည်း သူမရဲ့ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိပါတယ်။ ခုလိုအနုပညာအလုပ်တွေနားထားချိန်လေးမှာလည်း ပရိသတ်တွေနဲ့မပြတ်အောင် social media ကနေ ပုံရိပ်လေးတွေအမြဲတင်ပေးလေ့ ရှိတာပါ..။

ခုမှာလည်း V dayb အကြိုစပရိုက်လေးတစ်ခုအကြောင်းခုလိုပြောပြထားတာပါ။ ကဲ Vday အကြိုစပရိုက်ဆိုပြီး ရောက်ချလာတာ ပြန်ရောင်းရမလိုပဲ။ တကယ်စပရိုက်ဖြစ်ပါတယ် အခန်းရှေ့ခဏထွက်ခဲ့ဆိုပြီး ပုံးကြီး (၂) ပုံးက ရောက်နေတာ …အခုလိုအချိန်တွေမှာတောင် ပျော်အောင် ထားပေးတာ တကယ်ကျေးဇူးတင်ပျော်ရွှင်ရပါတယ် ကိုးရေ Edit-တယောက်ထဲမစားပါဘူး FA တွေကို ပြန်မျှပေးမှာပါ ဆိုပြီး ရေးသားထားခဲ့တာပါ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

zawgyi




Credit ; Cele Thadin