ချစ်လှစွာသော ပရိသတ်ကြီးရေ ထူးခြားတဲ့အသံပိုင်ရှင်ဖြစ်ပြီး သူများနဲ့မတူ တစ်မူဆန်းပြားတဲ့ သီချင်းတွေကို ဖန်တီးသီဆိုနိုင်သူလေးကတော့ အဆိုတော်မလေး မယ်ရီ ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်ပြီး မြန်မာနိုင်ငံမှာ သီချင်းတွေကိုဖန်တီးသီဆိုရတာကြိုက်နှစ်သက်တဲ့ သူမကတော့ ပရိသတ်တွေရဲ့ အသည်းစွဲပဲဖြစ်ပါတယ်။ သူမသီချင်းတွေဟာ အရွယ်စုံပရိသတ်တွေကြားထဲမှာ အရမ်းကိုနာမည်ကြီးကျော်ကြားပြီး ယောက်ကျားလေးပရိသတ်တွေပါ လက်ခံအားပေးခံ ခဲ့ရတာပဲ ဖြစ်ပါတယ်..။

ဂျပန်မလေးလို ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမကိုတော့ ယောက်ကျားလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို ပိုမိုရရှိထားတာလဲဖြစ်ပါတယ်။ မယ်ရီ ဟာ သူ့ရဲ့ပရိသတ်တွေကို လွမ်းတဲ့အကြောင်းတွေကို ရေးသားခဲ့တဲ့သတင်းလေးကို ဖော်ပြပေးချင်ပါတယ်။ အဆိုတော် မယ်ရီ ဟာ ဖေဖော်ဝါရီလမှစပြီး ပြည်သူတွေနဲ့အတူ အမှန်တရားအတွက် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ဘေးကင်းရာ ကို ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်..။

သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ပရိသတ်တွေနဲ့ထိတွေ့လှုပ်ရှားမှု့ဟာ April လကတည်းကပျောက်ကွယ်သွားခဲ့တာကြောင့် ချစ်တဲ့ပရိသတ်တွေက စိုးရိမ်စိတ်ပူနေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုတော် မယ်ရီ ဟာ ဓာတ်ပုံလေးနဲ့အတူ သူမရဲ့ပရိသတ်တွေရှေ့ကို အခုလိုပဲပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ” တစ်နေ့တော့ အားလုံးနဲ့ပြန်တွေ့ချင်တယ် လွမ်းလိုက်တာ အရာအားလုံး….လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်..။

သူမရဲ့ ပိုစ်အောက်မှာတော့ ပရိသတ်တစ်ယောက်ရဲ့ ” ဂျပန်မှာနေပြီးခက်ခဲတယ်ပြောနေလိုက် ” ဆိုတဲ့ကောမန့်တစ်ခုကို မယ်ရီ ဟာ ” ပြောတဲ့အတိုင်း ဂျပန်ပြန်ရောက်ပြီး တစ်ဦးထဲသောမိသားစုဝင် အမေနဲ့အတူရှိနေရမယ်ဆိုရင်တော့ ကောင်းတာပေါ့ ” လို့ ပြန်လည်တုန့်ပြန်ထားတာကို တွေ့ရပါတယ်။အဆိုတော် မယ်ရီ ကတော့ ပရိသတ်ကြီးကို အရမ်းလွမ်းနေပါပြီတဲ့။ မယ်ရီ ကိုလွမ်းနေတဲ့ စာဖတ်ပရိသတ်ကြီးရေ မယ်ရီသီချင်းလေးတွေကို နားထောင်ရင်း အလွမ်းပြေနိုင်ကြပါစေနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

zawgyi

ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ ထူးျခားတဲ့အသံပိုင္ရွင္ျဖစ္ၿပီး သူမ်ားနဲ႔မတူ တစ္မူဆန္းျပားတဲ့ သီခ်င္းေတြကို ဖန္တီးသီဆိုႏိုင္သူေလးကေတာ့ အဆိုေတာ္မေလး မယ္ရီ ပဲျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာေနထိုင္ၿပီး ျမန္မာႏိုင္ငံမွာ သီခ်င္းေတြကိုဖန္တီးသီဆိုရတာႀကိဳက္ႏွစ္သက္တဲ့ သူမကေတာ့ ပရိသတ္ေတြရဲ႕ အသည္းစြဲပဲျဖစ္ပါတယ္။ သူမသီခ်င္းေတြဟာ အ႐ြယ္စုံပရိသတ္ေတြၾကားထဲမွာ အရမ္းကိုနာမည္ႀကီးေက်ာ္ၾကားၿပီး ေယာက္က်ားေလးပရိသတ္ေတြပါ လက္ခံအားေပးခံ ခဲ့ရတာပဲ ျဖစ္ပါတယ္..။

ဂ်ပန္မေလးလို ေခ်ာေမာလွပတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ သူမကိုေတာ့ ေယာက္က်ားေလးပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈ႕ကို ပိုမိုရရွိထားတာလဲျဖစ္ပါတယ္။ မယ္ရီ ဟာ သူ႔ရဲ႕ပရိသတ္ေတြကို လြမ္းတဲ့အေၾကာင္းေတြကို ေရးသားခဲ့တဲ့သတင္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။ အဆိုေတာ္ မယ္ရီ ဟာ ေဖေဖာ္ဝါရီလမွစၿပီး ျပည္သူေတြနဲ႔အတူ အမွန္တရားအတြက္ ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ ေဘးကင္းရာ ကို ထြက္ေျပးတိမ္းေရွာင္ေနရတာပဲ ျဖစ္ပါတယ္..။

သူမရဲ႕ေဖ့ဘြတ္စာမ်က္ႏွာမွာ ပရိသတ္ေတြနဲ႔ထိေတြ႕လႈပ္ရွားမႈ႕ဟာ April လကတည္းကေပ်ာက္ကြယ္သြားခဲ့တာေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြက စိုးရိမ္စိတ္ပူေနတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အဆိုေတာ္ မယ္ရီ ဟာ ဓာတ္ပုံေလးနဲ႔အတူ သူမရဲ႕ပရိသတ္ေတြေရွ႕ကို အခုလိုပဲျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ ” တစ္ေန႔ေတာ့ အားလုံးနဲ႔ျပန္ေတြ႕ခ်င္တယ္ လြမ္းလိုက္တာ အရာအားလုံး….လို႔ သူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္..။

သူမရဲ႕ ပိုစ္ေအာက္မွာေတာ့ ပရိသတ္တစ္ေယာက္ရဲ႕ ” ဂ်ပန္မွာေနၿပီးခက္ခဲတယ္ေျပာေနလိုက္ ” ဆိုတဲ့ေကာမန႔္တစ္ခုကို မယ္ရီ ဟာ ” ေျပာတဲ့အတိုင္း ဂ်ပန္ျပန္ေရာက္ၿပီး တစ္ဦးထဲေသာမိသားစုဝင္ အေမနဲ႔အတူရွိေနရမယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့ ” လို႔ ျပန္လည္တုန႔္ျပန္ထားတာကို ေတြ႕ရပါတယ္။အဆိုေတာ္ မယ္ရီ ကေတာ့ ပရိသတ္ႀကီးကို အရမ္းလြမ္းေနပါၿပီတဲ့။ မယ္ရီ ကိုလြမ္းေနတဲ့ စာဖတ္ပရိသတ္ႀကီးေရ မယ္ရီသီခ်င္းေလးေတြကို နားေထာင္ရင္း အလြမ္းေျပႏိုင္ၾကပါေစေနာ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Credit ; Cele Only