ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော် Ah Boy ကတော့ အဆိုတော် စင်ဒီနဲ့ လက်ထပ်ပြီး သမီးကြီး ဂျူဂျူးနဲ့ သမီးငယ် ဖောင်းဖောင်းတို့ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ Ah Boy နဲ့ စင်ဒီဟာ တရားဝင်ကွာရှင်းပြီးနောက်မှာတော့ Ah Boy ဟာ မော်ဒယ်လ် မြတ်ရတနာကျော်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် စကားလတ်နဲ့ ဂျော်ဒန်ဆိုတဲ့ သားသမီးနှစ်ယောက်တို့ကို မွေးဖွားထားပြီပဲဖြစ်ပါတယ်..။

မြတ်ရတနာကျော်ဟာ Ah Boy ရဲ့ ဒုတိယဇနီးဆိုပေမယ့် Ah Boy အပေါ် နားလည်မှုအပြည့်ပေးသူဖြစ်ပြီး Ah Boy ရဲ့ သမီးကြီးနှစ်ယောက်ကိုလည်း ချစ်ပေးကြင်နာပေးသူလေး တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေက မြတ်ရတနာကျော်နဲ့ စင်ဒီတို့ဟာ တစ်ယောက်နဲ့တစ်ယောက် မတည့်မရှုပဲ မခေါ်မပြောရှိကြမယ်လို့ထင်ကြပေမယ့် အမှန်တကယ်မှာတော့ စင်ဒီကလည်း မြတ်ရတနာကျော်ကို ညီမလေး တစ်ယောက်လိုချစ်ပြီး မြတ်ရတနာကျော်ကလည်း စင်ဒီကို အစ်မတစ်ယောက်လို ချစ်ရှာတာပဲဖြစ်ပါတယ်..။

ဒီကနေ့မှာလည်း မြတ်ရတနာကျော်က သူမရဲ့သားငယ် ဂျော်ဒန်ရဲ့ပုံကို ဖေ့စ်ဘုတ်မှာတင်လာရာ စင်ဒီက “ ပေါင်မုန့်လုံးကြီး 🤍 ” ဟုဆိုပြီး ချစ်စဖွယ်ကောမန့်ပေးခဲ့ရာ မြတ်ရတနာကျော်ကလည်း “ အပြင်မှာ အရမ်းလုံးကစ် မ 🥰 ” ဟုဆိုပြီး ပြန်လည်ကောမန့်ပေးခဲ့ပါတယ်။ Ah Boy ဟာ မြတ်ရတနာကျော်နဲ့ လက်ထပ်ခဲ့ပြီး သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားသလို စင်ဒီကလည်း သူမရဲ့ချစ်သူနဲ့ အေးအေ းချမ်းချမ်းရှိနေတာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Myat Yadanar Kyaw’s fb




Credit ; Myanmar Celebrities