ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်၊ အလှမယ် ခင်ဝင့်ဝါကတော့ ပရိသတ်ကြီးကြီးငယ်ငယ်မရွေးချစ်ကြတဲ့ မင်းသမီးလေးတစ်ယောက်ပါပဲ။ ခင်ဝင့်ဝါက (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့ပြီး လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေ ရပ်နားထားလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်ဝင့်ဝါက သူမအနေနဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မယ့်အကြောင်းကို အခုလိုပဲပြောလာပါတယ်..။

“ ချစ်ရသောပရိတ်သတ်တွေကိုပြီးခဲ့တဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲဒုက္ခများစွာတွေကို စီကာပတ်ကုံးချပြပြီး မပြောပြချင်တော့ပါဘူး။ ကိုယ့်လိပ်ပြာမလုံစေမယ့် နောင်တရစရာလုပ်ရပ်မျိုးတွေ မလုပ်ခဲ့တာကတော့ သေချာတာထက်ကိုပိုပါတယ်။ တစ်ဖက်မှာ ကျွန်မကို အားကိုး မှီခိုနေတဲ့ မိသားစုဝင်တွေ အတွက်အပြင် အစစအရာရာရှေ့ဆက်ရပ်တည်သွားနိုင်ဖို့အတွက် ရပ်နားထားခဲ့တဲ့ လုပ်ငန်းကိစ္စများကို စိတ်မကောင်းစွာနဲ့ ပြန်လည်စတင်လုပ်ကိုင်ရတော့မှာဖြစ်ပါတယ်။ ကျွန်မ ချစ်ရတဲ့ ပရိတ်သတ်တွေကလည်း ကျွန်မကို အပြည့်အဝနားလည်ပေးမယ်လို့ယုံကြည်ပါတယ်ရှင့်။ 💛 ” ဟုဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်..။

ခင်ဝင့်ဝါကတော့ ကိုယ့်လိပ်ပြာမလုံစေမယ့် နောင်တရစရာလုပ်ရပ်မျိုးတွေ မလုပ်ခဲ့တဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည်စတင်လုပ်ကိုင်တော့မှာကို ပရိသတ်ကြီးအနေနဲ့ အပြည့်အဝနားလည်ပေးမယ်လို့ ယုံကြည်ပါတယ်ပြောလာတာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစလေို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Khin Wint Wah’ fb

ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္၊ အလွမယ္ ခင္ဝင့္ဝါကေတာ့ ပရိသတ္ႀကီးႀကီးငယ္ငယ္မေရြးခ်စ္ၾကတဲ့ မင္းသမီးေလးတစ္ေယာက္ပါပဲ။ ခင္ဝင့္ဝါက (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလအစကတည္းက ျပည္သူေတြနဲ႔တစ္သားတည္းရွိေနခဲ့ၿပီး လက္ရွိအခ်ိန္ထိလည္း အႏုပညာအလုပ္ေတြ ရပ္နားထားလ်က္ရွိတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ခင္ဝင့္ဝါက သူမအေနနဲ႔ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေတာ့မယ့္အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္..။

“ ခ်စ္ရေသာပရိတ္သတ္ေတြကိုၿပီးခဲ့တဲ့ ရင္ဆိုင္ ၾကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲဒုကၡမ်ားစြာေတြကို စီကာပတ္ကုံးခ်ျပၿပီး မေျပာျပခ်င္ေတာ့ပါဘူး။ ကိုယ့္လိပ္ျပာမလုံေစမယ့္ ေနာင္တရစရာလုပ္ရပ္မ်ိဳးေတြ မလုပ္ခဲ့တာကေတာ့ ေသခ်ာတာထက္ကိုပိုပါတယ္။ တစ္ဖက္မွာ ကၽြန္မကို အားကိုး မွီခိုေနတဲ့ မိသားစုဝင္ေတြ အတြက္အျပင္ အစစအရာရာေရွ႕ဆက္ရပ္တည္သြားနိုင္ဖို႔အတြက္ ရပ္နားထားခဲ့တဲ့ လုပ္ငန္းကိစၥမ်ားကို စိတ္မေကာင္းစြာနဲ႔ ျပန္လည္စတင္လုပ္ကိုင္ရေတာ့မွာျဖစ္ပါတယ္။ ကၽြန္မ ခ်စ္ရတဲ့ ပရိတ္သတ္ေတြကလည္း ကၽြန္မကို အျပည့္အဝနားလည္ေပးမယ္လို႔ယုံၾကည္ပါတယ္ရွင့္။ 💛 ” ဟုဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္..။

ခင္ဝင့္ဝါကေတာ့ ကိုယ့္လိပ္ျပာမလုံေစမယ့္ ေနာင္တရစရာလုပ္ရပ္မ်ိဳးေတြ မလုပ္ခဲ့တဲ့အတြက္ အႏုပညာအလုပ္ေတြကို ျပန္လည္စတင္လုပ္ကိုင္ေတာ့မွာကို ပရိသတ္ႀကီးအေနနဲ႔ အျပည့္အဝနားလည္ေပးမယ္လို႔ ယုံၾကည္ပါတယ္ေျပာလာတာပဲျဖစ္ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါစေလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Credit ; Myanmar Celebrities