ချစ်လှစွာသော ပရိသတ်ကြီးရေ အဆိုတော်ချစ်ကောင်းရဲ့ အနုပညာမျိုးဆက်လဲဖြစ် အောင်မြင်တဲ့အမျိုးသမီးအဆိုတော်တစ်ဦးလဲဖြစ်တဲ့ အိမ့်ချစ်ကတော့ ပရိသတ်မရွေး ကြိုက်ကြတဲ့ လူငယ်အဆိုရှင်မလေးတစ်ဦးပါ။ ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုထူထောင်ပြီး အိမ်ထောင်ရှင်မဘဝကို အေးချမ်းစွာ ဖြတ်သန်းနေပြီး တဖက်မှာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။ ချိုသာတဲ့ အပြုံးလေးနဲ့ သီချင်းတွေကို စူးစူးနစ်နစ်ဆိုလေ့ရှိပြီး ပရိသတ်တွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့နေတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်..။

လက်ရှိမှာတော့အနုပညာအလုပ်တွေကို ရပ်နားထားတဲ့အိမ့်ချစ်ကတော့ဒီနေ့မှာ မော်ဒယ်လ်စူးရှထက်တင်ခဲ့တဲ့ဗီဒီယိုဖိုင်ကြောင့် သူမအနေနဲ့ ပရိသတ်အထင်လွဲခံခဲ့ရကြောင်းပြောလာခဲ့တာပါ။ “ အနှောက်အယှက်တော့ဖြစ်တယ်ညီမရေ ညီမကအလုပ်ကိစ္စလို့အကြောင်းပြသလိုပဲ အမကလဲ Bar ပိုငိရှင်ကိုဖိတ်စာတစ်ခုပို့ပေးရင်းနဲ့ Bar ကိုရောက်လာတယ် တွေ့လိုက်တဲ့ပရိတ်သတ်နဲ့ The salt band ကအဆိုတော်ညီမလေးကတစ်ပုဒ်လောက်လေးတက်ဆိုပေးပြီးမှပြန်ပါဆိုလို့ ငြင်းမကောင်းလို့ တစ်ပုဒ်ဆိုပေးခဲ့တာ အမမျက်နှာနဲ့အဝတ်အစားကိုကြညိ့ရင်အသိသာကြီး မိတ်ကပ်မပါ အိမ်နေရင်းအကျီပေါ်ကဂျင်းဂျာဝတ်ပြီးညှမ်ဖိနပ်အပါးနဲ့ ေ-က်ဆံရလို့မဟုတ်ပဲ တောင်းဆိုတဲ့သူတွေမျက်နှာနဲ့ ဆိုပေးခဲ့တာ

ညီမကတော့အမြဲပွဲရှာနေတတ်သူမို့ ရှာတာမထူးဆန်းပေမယ့် အမအတွက်တော့ညီမ တမင်လုပ်သလားလို့ထင်မိလို့တကူးတက မန့်လာရေးတာပါ သူတစ်ပါးကိုချောက်ချလိုက်ရလို့ ညီမလေးလဲရှေ့လျှောက်အောင်မြင်ပါစေရှင် အမကတော့ တောင်းဆိုတဲ့သူတွေအတွက်အဆဲခံပြီးတစ်ပုဒ်ဆိုပေးလိုက်တာပါ 😁 အမကဆဲခံရလို့လဲရင်မခုန်ပါဘူး အမဆဲခံရတိုင်းညီမလေးကုသိုလ်တွေရနေမှာပါ ❤️ ညီမလုပ်လိုက်တာ bar ပိုင်ရှင်ရော စင်ပေါ်ခေါ်မိတဲ့ band ကအဆိုတော်ကလေးတွေရော ခုဆိုပြသနာအကြီးကြီးဖြစ်နေကြရပြီ ဆိုတာလေးပဲသိအောင်လာပြောပြတာပါ ” လို့ဆိုတဲ့စာလေးနဲ့ စူးရှထက်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်အောက်မှာဖြေရှင်းခဲ့တာပါ။ ပရိသတ်တွေလည်း အိမ့်ချစ်ကိုအထင်မလွဲ ကြဖို့အဖြစ်မှန်ကိုသိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source : ZarChiHtay




Credit -CeleChitThu